25.7 C
Yangon

ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပကဖ ၏ ထုတ်ပြန်ချက်နှင့် Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်း၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်ခန့်အချိန် ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပြီး ဗိုက်ပွင့် ဒဏ်ရာရရှိသူ ၁ ဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်နေရသည်။

“မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ကိုယ်ဝန်ဆောင် အမျိုးသမီးက ကလေးမွေးခံနီးပြီး ဗိုက်ထဲက ကလေးပါ သေဆုံးတယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာရတဲ့ ဗိုက်ပွင့်လူနာက လည်းသေဆုံးနိုင်တယ်။ အခြေအနေက အရမ်းစိုးရိမ်ရပါတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဝက်လက်မြို့နယ်အတွင်းကို ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်က အကြမ်းဖက် စစ်တပ်၏ ရွှေဘို လေ့ကျင့်ရေး-၈ မှ တက်လာသော အသေခံဒရုန်း ၅ စီးထဲမှ ၂ စီးသည် ဝက်လက်မြို့နယ်တောင် ခြမ်း ဝက်လူးအိုင်ရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး မိခင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတ် ဆုံ ပွဲချင်းပြီး သေဆုံးကာ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုသားပြည့်နှင့် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မချောချောတို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဝက်လက်မြို့နယ်အတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေ၍ ပြည်သူများ လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန်နှင့် ဗုံးခိုကျင်းများ လုပ်ဆောင်ထားကြရန် တော်လှန်ရေးအင်အားစုများက သတိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article