26.8 C
Yangon

NUG အစိုးရ၊ ရန်ကုန်တိုင်းစစ်ဌာန နယ်မြေတွင် ၄ လတာအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀၀ ကျော်သေဆုံးကာ စစ်သုံးပန်း ၄ ဦး အရှင်ဖမ်းမိ၊ စစ်တပ် စခန်းကုန်း ၁ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

Must read

ရန်ကုန်၊ ဇွန် ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်းစစ်ဌာန နယ်မြေတွင် ၄ လတာအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀၀ ကျော်သေဆုံးကာ စစ်သုံးပန်း ၄ ဦး အရှင်ဖမ်းမိပြီး စစ်တပ် စခန်းကုန်း ၁ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

၂၀၂၆ ခုနှစ်၊ ဖေ‌‌ဖော်ဝါရီလ ၁ ရက်နေ့ မှ မေလ ၃၁ ရက်နေ့အထိ ရန်ကုန်တိုင်းစစ်ဌာန နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် နှင့် ထိတွေ့တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ခုခံကာကွယ် တိုက်ခိုက်မှု ၂ ကြိမ် ၊ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ ကြိမ် နှင့် စစ်တပ် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၃၀ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဦး ထက်မနည်းရှိကြောင်း၊ ထို့ပြင် စစ်သုံ့ပန်း ၄ ဦးကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA1 (၃) လက်၊ MA11 (၄) လက်၊ MA4 (၁) လက်၊ ၅.၅၆ (ကပစ) ကျည် (၇၉၆) တောင့်၊ စက်လက်ကျည် (၆၀၀) တောင့်၊ RPG ဗုံးသီး (၈) လုံး၊ RPG ပို့ယမ်း (၆) တောင့်၊ ၆၀ မမ (၁) လက်၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ ၄၀ မမ ဗုံးသီး (၂) လုံး၊ အီနာဂါ (၁) လုံး၊ နင်းမိုင်း (၁၅) လုံး၊ ရှေ့ထွက်မိုင်း (၆) လုံး၊ လက်ပစ်ဗုံး (၅) လုံး၊ ကပ်သီး (၅) ခု၊ မီးကြိုးခွေ (၁) ခွေ၊ MA11 ကျည်ဘောက် (၇) ဘောက်၊ ကျည်ကာဦးထုပ် (၇) လုံး၊ ကျည်ကာ (၅) စုံ၊ လွယ်အိတ် (၁၀) လုံး၊ ဆေးအိတ် (၁) လုံး၊ Jammer အကြီး (၂) လုံး၊ မီးစက် (၂) လုံးနှင့် အင်ဗာတာ (၁)လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အကြမ်းဖက် စစ်တပ်ကို စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက် ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များကို တတ်စွမ်းသရွေ့ ကူညီဖေးမ နိုင်ရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article