26.2 C
Yangon

အောင်လံနှင့် ပေါက်ခေါင်းတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သားအများအပြား သေဆုံးကာ ရုပ်အလောင်းအချို့ သိမ်းဆည်းရမိ၊ စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ဟုဆို

Must read

ရန်ကုန်၊ ဇွန် ၃၀

မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တို့တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်စခန်းများနှင့် စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်သားရုပ်အလောင်းအချို့ကို သိမ်းဆည်းရမိကြောင်း တော် လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာရှိ စစ်တပ်၏ နတ်မောက်ဂိတ်စခန်းကို သရက်ခရိုင်အမှတ်(၂)တပ်ရင်းက ၁၄၀၄ စစ်ဆင်ရေးအဖြစ် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းအတွင်း ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသာ ကျန်ရှိချိန် ကပစ-၁၅ က ၁၀၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး ၉ လုံးဖြင့် ပစ်ကူပေးခဲ့ပြီး ကပစ-၁၉ ဘက်မှလည်း စစ်ကူအင်အား ၃၀ ခန့် ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြည်ခရိုင် အမှတ် ၂ တပ် ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၇ ဦးခန့် သေဆုံးခဲ့ပြီး ကင်းထောက်ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ် ကော်ဒါအတိုင်စခန်းမှ တောင်လည်ကျေးရွာ အတိုင်စခန်းဘက်သို့ ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို ပေါက်ခေါင်းမြို့နယ် ငါးရွှေဆိုင်ကျေးရွာနှင့် ကိုးခွကျေးရွာအကြား၌ ပြည်ခရိုင်အမှတ်၂ တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းစဉ် မြေမြှုပ်ထားသည့် စစ်သားရုပ်အလောင်းများကို တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦးခန့် သေဆုံးကာ ၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ကြောင်း ပြည်ခရိုင်အမှတ်၂ တပ်ရင်းက ပြောသည်။

ထို့နောက် ဇွန်လ ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ် တောင်လည်ကျေးရွာ တာဝါတိုင်စခန်းမှ ပေါက်ခေါင်းမြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ကို အရှေ့ကြို့ကုန်းကျေးရွာနှင့် မုံညင်းကွင်းအနောက်ဘက်၌ ပြည်ခရိုင်အမှတ်၂ တပ်ရင်း တပ်ခွဲ ၄ နှင့် ရွှေ တောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ် တပ် ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ပေါက်ခေါင်းမြို့ဘက်မှ တောင်လည်တာဝါတိုင်စခန်းသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ကို မုံညင်းကွင်းအနောက်ဘက်၌ ပြည်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နှင့် ရွှေတောင်မြို့နယ်(ပကဖ) ပူးပေါင်းတပ်များက ထပ်မံကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးခန့် သေဆုံးပြီး ၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဇွန်လအတွင်း စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်မှုတွေကို အခုထုတ်ပြန်တာဖြစ်ပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများခဲ့သလို မြေမြှုပ်ထားတဲ့ စစ်သားအလောင်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်က သူတို့ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်” ဟု ပြည်ခရိုင် အမှတ် ၂ တပ် ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက် ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အန္တ ရာယ်များကို အထူးသတိပြုနေထိုင်ကြရန်နှင့် စစ်ကောင်စီတပ်နှင့် သက်ဆိုင်သည့် နေရာများအနီး သွားလာခြင်းမပြုကြရန် ပြည်ခရိုင်အမှတ် ၂ တပ်ရင်းက အသိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article