25.4 C
Yangon

မန္တလေးဆိပ်ကမ်းမှ ထွက်ခွာလာသော စစ်သင်္ဘော ၂ စီးနှင့် အရပ်သင်္ဘော ၂၆ စီးပါ ရေယာဉ်အုပ်စုက ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာ၍ ပြည်သူများ သတိပြုရန်လိုအပ်

Must read

ရန်ကုန်၊ ဇူလိုင် ၄

မန္တလေးမြို့မှ ထွက်ခွာလာသော စစ်သင်္ဘော ၂ စီးနှင့် အရပ်သင်္ဘော ၂၆ စီးပါ ရေယာဉ်အုပ်စုက ချင်း တွင်းမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်လာနေသဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန်ချင်း တွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီနှင့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇူလိုင်လ ၄ ရက် နံနက် ၉ နာရီအချိန်အထိ ရရှိသည့် သတင်းများအရ ဆင်ဖြူရှင်တံတားအထက်ဘက်မှ ဆန်တက်လာသော ဖလက်သံခွန် အရပ်သင်္ဘော ၂၆ စီးနှင့် တိုက်ခိုက်ရေး စစ်သင်္ဘော ၂ စီးတို့သည် စစ်ကိုင်းတိုင်း၊ ဆားခါးကျေးရွာအနီးမှ မြစ်အထက်ပိုင်းသို့ ဆက်လက်ခုတ်မောင်းနေကြောင်း သိရသည်။

အဆိုပါရေယာဉ်အုပ်စုသည် မန္တလေးမြို့ ၄၁ လမ်းအနောက်ဘက်ရှိ ရေကြောင်းရုံး သင်္ဘောကျင်း၊ ပေပင်ဆိပ်ကမ်း၊ ဂေါ်ဝိန်ဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းများတွင် လက်နက်ခဲယမ်းများနှင့် စစ်အင်အားများ တင်ဆောင်ခဲ့ပြီး မြစ်အထက်ပိုင်းသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက်နေ့တွင်လည်း မန္တလေးမြို့ ၄၁ လမ်းရှိ ရေကြောင်းရုံး သင်္ဘောကျင်းသို့ စစ်သင်္ဘော ၁ စီး ထပ်မံရောက်ရှိလာပြီး ဗန်းမော်ဘက်သို့ ဆက်လက်ထွက်ခွာနိုင်ရန် ရေယာဉ်အုပ်စုနှင့် ပူးပေါင်းစုဖွဲ့နေကြောင်း ဒေသခံများက ဆိုသည်။

ယင်းစစ်သင်္ဘောအုပ်စုသည် ဇူလိုင်လ ၂ ရက်နေ့ မန္တလေးမြို့မှ စစ်သင်္ဘော ၂ စီးနှင့် အရပ်သင်္ဘော ၂၅ စီးတို့သည် မြစ်အောက်ပိုင်းသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ကချင် ပြည်နယ်ဘက်သို့ ဆန်တက်မည်ဟု ဒေသခံများက ခန့်မှန်းထားသည်။

ဒေသခံသတင်းရင်းမြစ်တစ်ဦးက “မန္တလေး ၄၁ လမ်းက ရေကြောင်းရုံးသင်္ဘောကျင်း၊ ပေပင်ဆိပ် ကမ်း၊ ဂေါ်ဝိန်ဆိပ်ကမ်းတွေမှာ ရိက္ခာနဲ့ လက်နက်အင်အားတွေ တင်ဆောင်ပြီး အထက်ဘက်ကို ပို့နေတာဖြစ်ပါတယ်။ အခုထွက်လာတဲ့ ယာဉ်အုပ်စုက ကချင်ဘက်ကို ဆက်တက်ဖို့ ပြင်ဆင်ထားတယ်လို့ ယူဆရတယ်” ဟု ပြောကြားသည်။

ဒေသခံများက နောက်ထပ် စစ်သင်္ဘောများလည်း မြစ်အောက်ပိုင်းမှ ထပ်မံပူးပေါင်းလာနိုင်ကြောင်း သတိပေးထားပြီး ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်ကာ လိုအပ်သည့် လုံခြုံရေးသတိပြုမှုများ ပြုလုပ်ထားကြရန် တိုက်တွန်းထားသည်။

“အောက်ဘက်ကနေ နောက်ထပ် စစ်သင်္ဘောတွေ ထပ်ဖြတ်လာနိုင်သေးတယ်။ ရေတက်ရာသီဆိုတော့ စစ်ကောင်စီက နှစ်စဉ် ဒီလမ်းကြောင်းကို အသုံးပြုပြီး ကချင်ဘက်ကို စစ်အင်အားနဲ့ ရိက္ခာတွေ ပို့လေ့ရှိပါတယ်။ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် နေထိုင်တဲ့ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုပါတယ်” ဟု ဒေသသတင်းရင်းမြစ်က သတိပေးပြောဆိုသည်။

ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီသည် နှစ်စဉ်ရေတက်ရာသီတွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြောင်းများကို အသုံးပြု၍ ကချင်ပြည်နယ်ဘက်သို့ စစ်လက်နက်နှင့် ရိက္ခာများ ပို့ဆောင်လေ့ရှိပြီး ယခုရေယာဉ်အုပ်စုသည်လည်း အဆိုပါစစ်ဆင်ရေးအတွက် စေလွှတ်ထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article