27 C
Yangon

တွံတေးတူးမြောင်းတွင် သင်္ဘော ၂ စီး ခေါင်းချင်းဆိုင် တိုက်မိပြီး ၁ စီးနစ်မြုပ်၊ လူ ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေဆဲ၊ ပျောက်ဆုံးနေသူမှာ မိခင်ဖြစ်သူကို လွတ်အောင် ကယ်တင်ပေးရင်း သင်္ဘောနစ်ချိန် ပျောက်ဆုံးသွားခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေးတူးမြောင်းတွင် သင်္ဘော ၂ စီး ခေါင်းချင်းဆိုင် တိုက်မိပြီး ၁ စီးနစ်မြုပ်ကာ လူ ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တွံတေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်ခန့်အချိန် တွံတေးတူးမြောင်း ရေမိုင် ၂၀ အနီးတွင် သင်္ဘော ၂ စီး မတော်တဆ တိုက်မိခဲ့ကာ ဇော်မြင့်မြတ် (၁) အမည်ရှိ သင်္ဘောသည် ရေထဲသို့ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နစ်မြုပ်သွားသည့် သင်္ဘောပေါ်တွင် ရေယာဉ်လုပ်သား အမျိုးသား ၉ ဦးနှင့် ခရီးသည် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း လူဦးရေ ၃၂ ဦး လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မတော်တဆမှု ဖြစ်ပွားပြီးနောက် တွံတေးမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ရေယာဉ်ပေါ်လိုက်လာသူ ၃၂ ဦးအနက် ၃၁ ဦးကိုသာ ဘေးလွတ်ရာသို့ အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကျန်ရှိသော ရေယာဉ်လုပ်သား အမျိုးသား ၁ ဦးသည် နစ်မြုပ်သော သင်္ဘောနှင့်အတူ မျောပါသွားပြီး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ထိုသို့ ပျောက်ဆုံးနေသူကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ည ၁၁ နာရီအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယာယီရပ်နားခဲ့ရကြောင်းနှင့် ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ဒီမနက်အထိတော့ ပျောက်ဆုံးသူကို ရှာနေတာ ထူးခြားမှု မတွေ့သေးဘူး။ ပြန်မတွေ့သေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး။ ပျောက်နေဆဲ့သူက သူ့အမေကို ရေထဲက ကယ်တင်ရင်းနဲ့ သူ့အမေကို ဆွဲတင်နေရင်းနဲ့ သင်္ဘောနစ်မြုပ်တဲ့အထဲကို ပါသွားတာ။ သူ့အမေကတော့ လွတ်သွားတယ်” ဟု တွံ တေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article