24.9 C
Yangon

ရေကြည်မြို့နယ်ရှိ စစ်တပ်၏ ကာကင်းစခန်းကုန်း ၂ ခုကို AA သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသော စစ်သားများကို လိုက်လံတိုက်ခိုက်မှု စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ ထပ်မံရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၇

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်၏ ၂၂၇ ပွိုင့်ကုန်း ကာကင်းစခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ရယူပြီးနောက် ထွက်ပြေးသွားသော စစ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်သားအလောင်းများနှင့်လက်နက်ခဲယမ်းများ ထပ်မံရရှိကြောင်း အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက နောက်ဆက်တွဲ တိုက်ပွဲသတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် အာရက္ခတပ်တော်က အဆိုပါ ၂၂၇ ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ စခန်းကုန်းများမှ ကစဉ့်ကလျား ထွက်ပြေးသွားကြသည့် စစ်တပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိမိတို့ဘက်မှ လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လိုက်လံချေမှုန်းရာတွင် ဇူလိုင်လ ၄ ရက်နေ့ ထွက်ပြေးနေသည့် စစ်တပ်ဖွဲ့ဝင်များနှင့် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး၊ ရန်သူ့ထံမှ လက်နက်ခဲယမ်းအချို့၊ စစ်အသုံး အဆောင်ပစ္စည်းအချို့နှင့် စစ်တပ်ဘက်မှ အလောင်းအချို့ကို ထပ်မံသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်ဘက်မှ အာရက္ခတပ်တော်က သိမ်းပိုက်ထားသည့် စခန်းကုန်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို့ ဂျက်ဖိုက်တာ (တိုက်လေယာဉ်) များဖြင့် အကြိမ်ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းအပြင် အဝေးမှ လက် နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article