23 C
Yangon

ကန့်ဘလူအကြွေး ကမ်ပိန်း ၁၄ ရက်တာ အတွင်း ကျပ် သိန်းပေါင်း ၅၀၀၀ ကျော် ရရှိ

Must read

ကန့်ဘလူအကြွေး ကမ်ပိန်း ၁၄ ရက်တာ အတွင်း ကျပ် သိန်းပေါင်း ၅၀၀၀ ကျော် ရရှိ

ရန်ကုန်၊ ဧပြီ ၃၀

ကန့်ဘလူအပါအဝင် တစ်နိုင်ငံလုံးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရသည့် ပြည်သူများ၏ အကြွေးကို ပြန်ယူရန် ရည်ရွယ်ချက်နှင့် ပြုလုပ်သည့် ကန့်ဘလူအကြွေး ကမ်ပိန်းသည် ၁၄ ရက် (နှစ်ပတ်တာ)အတွင်း ကျပ် သိန်းပေါင်း ၅၃၃၃ ကျပ်ခန့်ကို ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကမ်ပိန်းတွင် စင်ကာပူနိုင်ငံမှာ အများဆုံးလှူဒါန်းခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ မြန်မာ၊ ဂျပန်၊ UK ၊ ဩစတြေးလျ၊ ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ ကနေဒါ၊ ဂျာမနီ၊ ဘရူနိုင်း၊ နယူးဇီဘန်၊ ထိုင်ဝမ်၊ UAE၊ ဆွီဒင်၊ ဩစတြီးယား၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ ပါပူဝါနယူးဂီနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ငွေကြေးလှူဒါန်းမှုအနေနှင့် အစဉ်လိုက် အသီးသီး လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ကန့်ဘလူအကြွေး ကမ်ပိန်းကို ကမ္ဘာတစ်ဝန်းလုံးရှိ မြန်မာပြည်ဖွားများက တစ်ညီတစ်ညွတ်တည်း ပါဝင်အားဖြည့်မှုနှင့် ကန့်ဘလူအကြွေး ကမ်ပိန်းပြီးဆုံးပြီဖြစ်ကြောင်း သရုပ်ဆောင် မင်းမော်ကွန်း၏ Facebook စာမျက်နှာတွင် ဧပြီလ ၂၉ ရက်နေ့တွင် ရေးသားထားသည်။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက် ၆ လသားအရွယ် ကလေးအပါအဝင် ကလေး ၃၇ ဦးနှင့် အတူ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရသည့် ကန့်ဘလူ ပဇီကြီးရွာမှ ပြည်သူများအတွက် ကန့်ဘလူအကြွေး ကမ်ပိန်းကို ဧပြီလ ၁၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ကမ်ပိန်းပြီးဆုံးခဲ့ခြင်းဖြစ်ကာ ကမ်ပိန်းမှ ရရှိလာသည့် အလှူငွေများကို ကန့်ဘလူအကြွေးအတွက်ပဲ အဓိက အသုံးပြုသွားမည်ဟု သရုပ်ဆောင် မင်းမော်ကွန်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article