27 C
Yangon

KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်သူအားလုံးနှင့် လက်တွဲမည်ဟု ကြေညာ

Must read

KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်သူအားလုံးနှင့် လက်တွဲမည်ဟု ကြေညာ

ရန်ကုန်၊ မေ ၆

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြည်သူများအားလုံးနှင့်အတူ လက်တွဲသွားမည်ဖြစ်ကြောင်း KNU က တရားဝင် ထုတ်ပြန်ကြေညာသည်။

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ကရင်အမျိုးသားများ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးအတွက် ချမှတ်ထားသည့် အခြေခံလမ်းစဉ်၊လုပ်ငန်းစဉ် နှင့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ကရင်တမျိုးသားလုံးနှင့်အတူတကွ ရပ်တည်လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ (၁၇)ကြိမ်မြောက် ကွန်ကရက်က သံဓိဌာန်ပြုခဲ့ကြောင်း သိရှိရသည်။

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ လူထုလူတန်းစား အသီးသီးနှင့် အတူ လက်တွဲညီစွာ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း KNU က တရားဝင်ကြေညာထားသည်။

KNU ဗဟိုအလုပ်မှုဆောင်အသစ်ရွေးချယ်ခဲ့သည့် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်ကို ဧပြီ ၂၄ ရက်မှ မေလ ၄ရက်အထိ ၁၁ ရက် ကြာ ကျင်းပခဲ့ပြီး အွန်လိုင်းနည်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ၊ဗဟိုအမြဲတမ်းကော်မတီ အဖွဲ့ဝင် ၄၅ ဦး ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ဦးနှင့်ဗဟို တရားသူကြီးချုပ် ၁ဦးကို ရွေးကောက်တင်မြောက်ခဲ့ကြောင်း သိရှိရသည်။

KNU တွင် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဲဂေ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ကော်မတီ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောလောအယ်မူး တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article