27 C
Yangon

လာမည့် နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်

Must read

လာမည့် နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်

ရန်ကုန်၊ မေ ၁၄

လာမည့်နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသီ Sonia Leonard က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကုန်တွင်းပိုင်းကို ဝင်တဲ့အချိန်မှာ မိုခါမုန်တိုင်းပြင်းအားအဆင့် ၅ အဆင့်မှာပဲရှိနေတယ်။ ရခိုင်ဒေသမှ ပြည်သူများ အနီးဆုံးခိုလှုံရာများသို့ ယခု ချက်ချင်းသွားရောက်ရန် လိုအပ်ပါတယ်။ လေတိုက်နှုန်းက တနာရီမိုင် ၁၆၇ မှ ၁၈၆ မိုင်အထိ နောက်နှစ်နာရီအတွင်း တိုက်ခိုက်နိုင်ပါတယ်” ဟု မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသီ Sonia Leonard က ပြောဆိုသည်။

လက်ရှိ စစ်တွေမြို့ဝန်းကျင်တွင် ကြုံတွေ့နေသည့် မိုးသက်လေပြင်းကို နောက် ထပ် ၁ နာရီမှ ၂ နာရီခန့်အထိ ကြုံတွေ့နေရဦးမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း မုန်းတိုင်းက ရွေ့လျားသွားမည်ဟု ၎င်းက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ စစ်တွေမြို့ ဆက်သွယ်ရေးတာဝါတိုင် မကျိုးမီနှင့် ကျိုးကျပြီး မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article