ကြံခင်းမြို့နယ် သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၂၈
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ “စစ်ခွေးလို့ ခေါ်ရတာ ရင်နာတယ် သခင်အပေါ် သစ္စာရှိတဲ့ ခွေးလေးတွေဘက်က နစ်နာတယ်” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။