ရန်ကုန်၊ မတ် ၇
၂၀၂၂ခုနှစ်၊ မတ်လ၊၆ ရက်နေ့ ကျောက်ဆည်ကန်တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအား အသက်ရှင်လျက် ဖမ်းဆည်းရရှိခဲ့ပြီး ဆေးဝါးကုသမှုများလည်း ဆောင်ရွက်ပေးပြီး ကောင်းမွန်စွာ ထားရှိကြောင်း KNDF က သတင်းထုတ်ပြန်သည်။
ထို့နောက် Karenni State Police ထံတွင် သွားရောက်အပ်နှံခဲ့ကြောင်း၊ ထို့အပြင် မိမိတို့ဘက်မှ စစ်ကောင်စီ လက်နက်အချို့ MA1, MA2, MA4, MA စနိုက်ပါ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
မတ်လ ၅ ရက်နေ့နှင့် မတ်လ ၆ ရက်နေ့ ကရင်နီပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ရဲဘော် ၇၅ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။