ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၅
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ် တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် ပေါင်းတည်မြို့နယ်၊ သစ် ပုတ် အုပ်စု၊ စမ်းမအိုင်နှင့်သုံးမြေ ဆိုင်းဘုတ်တိုင်ကြောတွင် အင်အား ၅၇ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးလာပြီး ယာတဲနား တွင်နား နေစဉ် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ၃၆၀၁ PPDF၊ တပ်ရင်း တပ်ခွဲ ၂၊ Sinper တပ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေ ဆုံးပြီး ၁ ဦးဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ထို့နောက် ယင်းနေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်တပ်စစ်ကြောင်းက စမ်းမ အိုင်ရွာထဲသို့ တစ်ဝက်ခွဲထွက်ပြီး ရွာထဲတွင်လက်နက်ကြီး တပ်ဆင်နေစဉ် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၃၆၀၁ PPDF)တပ်ရင်းအဖွဲ့ ၂ လင်းယုန်စစ်ကြောင်းနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၂ တပ်ရင်း ၊ အဖွဲ့၁ တို့ကလက်လုပ် M 79ဖြင့် ၄ ချက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးအပြင်းအထန်ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲအချိန် ပေါင်းတည်မြို့နယ်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့အဖွဲ့(၂)လင်းယုန်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကို လက်နက် ငယ်များဖြင့်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးဒဏ်ရာ ရရှိသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ အားလုံး အထိ အခိုက်အန္တရာယ်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။