26 C
Yangon

ဗြိတိန်နိုင်ငံ လွှတ်တော်အမတ် ၂ ဦးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေး

Must read

ဗြိတိန်နိုင်ငံ လွှတ်တော်အမတ် ၂ ဦးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၅

ဗြိတိန်နိုင်ငံ အထက် လွှတ်တော် အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury)၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဗီဒီယိုကွန့်ဖရင့်မှ တစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဗီဒီယိုကွန့်ဖရင့်မှ တစ်ဆင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ၌ တရားမဝင် အာဏာသိမ်း စစ်ကောင်စီ အပေါ် ထပ်မံအရေးယူဒဏ်ခတ် ပိတ်ဆို့မှု ပြုလုပ်နိုင်ရေး၊ မြန်မာပြည်သူများအတွက် အကူအညီလိုအပ်‌နေသည့်ကဏ္ဍများနှင့် ယူကေလွှတ်တော် ကိုယ်စားလှယ်များမှ အကူအညီပေးလုပ်ဆောင်နိုင်မည့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article