32 C
Yangon

နတ်မောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ လောင်းလုံးတွင် ပျူစောထီး ၁ ဦးကို ဖမ်းဆီး စစ်ဆေးစဥ် သေဆုံး

Must read

နတ်မောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ လောင်းလုံးတွင် ပျူစောထီး ၁ ဦးကို ဖမ်းဆီး စစ်ဆေးစဥ် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၈

မကွေးတိုင်း၊ နတ်မောက်မြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကြောင်း ကျားသစ်နက်တပ်ခွဲ ၀၀၅ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နတ်မောက်မြို့ အရှေ့ခြမ်း၌ အင်အား ၂၂ ဦး အောင်ချမ်းသာရွာနှင့်ကျောက်အိုးရွာအကြား စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

” ခွေး ၂၂ ကောင်ကို အောင်ချမ်းသာရွာနဲ့ ကျောက်အိုးရွာ အကြားမှာ ခြေလျင် စစ်ကြောင်းထွက်လာတုန်း မိုင်ကွင်းထဲ ရောက်လာချိန် ဆွဲမိုင်း ၄ လုံး စိန်ပြောင် ၁ လုံးနဲ့ ဆွဲလိုက်တာ ၂ ကောင်ပဲထနိုင်ခဲ့တယ်။ စစ်ခွေး သေဆုံးမှုရှိပေမယ့် အသေ စာရင်းတော့ အတိအကျ မသိရသေးဘူး” ဟု ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော် လက်အောက်ခံ ကျားသစ်နက်တပ်ခွဲ ၀၀၅ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီး ၁ ဦးကို ဖမ်းဆီး စစ်ဆေးစဥ် သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ LLPDF တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လောင်းလုံးမြို့နယ် အောက်ပိုင်း လမ်းပိုင်းတစ်နေရာ၌ အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၅ မှ ဆင်းလာသည့် ပျူစောထီး ဝင်းလှိုင် (ခ) ကရင်ကို ဖမ်းဆီး စစ်ဆေးပြီး ပျူစောထီး အချက်အလက်များ ရယူစဥ် သေဆုံးခဲ့ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး ဝင်းလှိုင် (ခ) ကရင်သည် ဧရာဝတီတိုင်းသား ၁ ဦးဖြစ်ပြီး ယခင် တပ်မ ၂၅ တပ်ထဲတွင် နေထိုင်ကာ စစ်တပ်မှ အာဏာသိမ်း ပြီးနောက် ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိလာသူ ဖြစ်ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က အောက်ကျောက်ဝပ်ကျေးရွာအနီး စစ်သား ၃ ဦးသေခဲ့သည့် တိုက်ပွဲတွင် ပျူစောထီး ဝင်းလှိုင်သည် ကံကောင်းစွာ အသက် ရှင်လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပျူစောထီး ဝင်းလှိုင်သည် ဝင်ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာတို့ကို မီးရှို့ရာတွင်လည်း စစ်ကောင်စီနှင့် အတူ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ ပျူစောထီးဝင်းလှိုင်က ၏ ထွက်ဆိုမှုများဖြင့် ပျူစောထီးစာရင်းအား တိကျစွာ ရရှိထားပြီး ပျူစောထီးအဖွဲ့အား လိုက်ပါကူညီပေးနေသည့် သူများ၏ စာရင်းကိုလည်း ရရှိထားပြီး ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ LLPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article