38 C
Yangon

အာဏာသိမ်း မြန်မာစစ်ကောင်စီကို အာဆီယံက ပြင်းထန်စွာ အရေးယူရန် ဖိအားပေးမည်ဟု အမေရိကန် ပြောဆို

Must read

အာဏာသိမ်း မြန်မာစစ်ကောင်စီကို အာဆီယံက ပြင်းထန်စွာ အရေးယူရန် ဖိအားပေးမည်ဟု အမေရိကန် ပြောဆို

■ အင်ဒိုနီးရှားတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီများနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးမည်

ရန်ကုန်၊ ဇူလိုင် ၈

အာဏာသိမ်း မြန်မာစစ်ကောင်စီကို အာဆီယံက ပြင်းထန်စွာ အရေးယူရန် ဖိအားပေးမည်ဖြစ်ပြီး အင်ဒိုနီးရှားတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီများနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်စွာ အရေးယူရန်နှင့် တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်၏ လုပ်ရပ်များကို ပြန်လည်တွန်းလှန်ရေး အာဆီယံနိုင်ငံများကို စည်းရုံးမှုများ အမေရိကန်က လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ် တန်း နိုင်ငံခြားရေးဌာန အရာရှိ ဒန်နီရယ် ခရတန်ဘရစ်ခ်က ရိုက်တာ သတင်းဌာနထံသို့ ပြောဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပါဝင်တက်ရောက်ရန် ဇူလိုင်လဒုတိယအပတ်တွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

မြန်မာ့အရေးသည် စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစတင်၍ အာဆီယံ ထိပ်သီးအစည်းအဝေးတိုင်း ဆွေးနွေးရသည့် အဓိကပြဿနာများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ်တန်း နိုင်ငံခြားရေး ဌာန အရာရှိ ဒန်နီရယ် ခရတန်ဘရစ်ခ်က ပြောဆိုသည်။

အာဆီယံသည် မြန်မာ့အာဏာရဗိုလ်ချုပ်များကို အဆင့်မြင့်အစည်းအဝေးများမှ တက်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားသော်လည်း ထိုင်းနိုင်ငံသည် စစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းရန် ကြိုးစားလျက်ရှိသည်။

“အာဆီယံနိုင်ငံတွင်းရှိ မိတ်ဆွေများနှင့် မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အာဆီယံဝန်ကြီးအဆင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုမှုကို တက်ခွင့်မပေးဘဲ ဆက်လက်အရေးယူထားဖို့ မျှော်လင့်ထားပါတယ်။ အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားရေး မြန်မာစစ် တပ် ကို ဖိအားပေး အရှိန်တိုးမြင့်လာစေဖို့ နည်းလမ်းတွေ ဆက်လက်ရှာဖွေနေပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ်တန်း နိုင်ငံခြားရေးဌာန အရာရှိ ဒန်နီရယ် ခရတန်ဘရစ်ခ်က ပြောဆိုသည်။

ဓာတ်ပုံ- အမေရိကန်နှင့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article