ရှေ့တန်းရောက်ရဲဘော်များ၏ စားနပ်ရိက္ခာနှင့် စစ်ဘေးရှောင်စခန်းတစ်ခုအတွက် ရိက္ခာများ ထောက်ပံ့ နိုင်ရန် We Are Karenni အဖွဲ့သားများ အလှူခံ
ရန်ကုန်၊ ဇူလိုင် ၁၁
ကရင်နီပြည်နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ရင်ဆိုင်တိုက်ပွဲဝင်နေကြသော ရဲဘော်များနှင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွက် လိုသော ရိက္ခာများ ထောက်ပံ့ လှူဒါန်းပေးကြပါရန် We Are Karenni အဖွဲ့သားများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံမှ တဆင့် မေတ္တာရပ်ခံထားသည်။
ရှေ့တန်းရောက် တပ်ဖွဲ့ ၂ ဖွဲ့နှင့် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် လို အပ်နေသော စားနပ်ရိက္ခာများ၊ မိုးကာများအရေးပေါ်လိုအပ်နေပြီး အကြမ်းဖက်စစ်တပ်မှလည်း မြေပြင် ဝေဟင်မှ အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုးတိုက်ခိုက်နေသဖြင့် နေ့စဉ်နှင့်အမျှတိုက်ပွဲပြင်း နေကြောင်း၊ လေကြောင်းမှလည်း စစ်ဘေးရှောင်စခန်းများအပေါ် ဗုံးကျဲတိုက်ခိုက်နေသဖြင့် ပြည်သူ များမှာ ဆင်းရဲဒုက္ခများစွာကြုံတွေ့နေရကြောင်း သိရသည်။
“ရှေ့တန်းမှာက မိုးတွင်းဆိုတော့ အတော်ကို ဒုက္ခရောက်နေကြတယ်၊ နှစ်ယောက်ပေါင်းမှ မိုးကာ တစ်ထည်တည်းသုံးရတာတို့၊ တိုက်ပွဲတွေကလည်း ဆက်နေတော့ ထမင်းဟင်းချက်ပြုတ်မစားရတာ တို့ရှိတယ်၊ အဲဒါကြောင့် ရိက္ခာခြောက်တွေ ၊ ခြုံဖို့မိုးကာတွေ၊ ဖိနပ်တွေ အတွက် လိုအပ်နေတာ၊ အသင့် စား ခေါက် ဆွဲခြောက်လို ဟာမျိုးတွေ စီစဉ်ပေးနိုင်ဖို့ပါ” ဟု We Are Karenni အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
ထိုသို့အလှူခံနေသည်မှာ ၃ ရက်ရှိပြီဖြစ်ပြီး ၁၀ သိန်းခန့်သာရရှိသေးကြောင်း၊ နေရာတစ်ခုလျှင် သိန်း ၂၀ ခန့်ပေးလှူဒါန်းနိုင်ရန်ရည်ရွယ်ထားပြီး တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းမှစတင်၍ စိတ်ကြိုက်ပါဝင်နိုင် ကြောင်း၊ ကူညီလှူဒါန်းပေးမည့်မိဘပြည်သူများအနေဖြင့် အောက်ပါလင့်ခ်သို့ ဝင်ရောက်ပြီး
Messenger မှတဆင့် ဆက်သွယ်ကူညီနိုင်ကြောင်း အသိပေးထားသည်။