ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖက်ဒရယ်စစ်ကြောင်း ၏ သင်တန်းဆင်းပွဲ ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၃
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖက်ဒရယ်စစ်ကြောင်း ၏ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖက်ဒရယ် စစ်ကြောင်းသည် တစ်နှစ်ကျော်ကာလအတွင်း စည်းကမ်းကောင်းမွန်၍ စိတ်ဓာတ်ခိုင်မာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများကို မွေးထုတ်ပေးခဲ့ရာ ယခုအခါ အပတ်စဥ် ၄ တိုင်ရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ပိုမို ကောင်းမွန် မြင့်မားသည့် စစ်ပညာရပ်များကိုလည်း လေ့လာလျက်ရှိပြီး ရန်သူကို အထိရောက်ဆုံး တိုက်ခိုက်နိုင်ရန်အတွက်ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။
ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုများဖြင့် မွေးထုတ်ပေးနိုင်ခဲ့သည့် PDF ရဲဘော်များသည် ဒေသတွင်း သာမက မဟာမိတ် ဒေသ၏ ရှေ့တန်းစစ်မြေပြင်များတွင်ပါ ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း၊ ရဲဘော်များ အနေဖြင့် လူထုလွတ်မြောက်ရေးတိုက်ပွဲ အပြီးတိုင် တိုက်ပွဲဝင်သွားရန် သန္နိဋ္ဌာန် ချထားပြီးဖြစ်ကြောင်း Federal Column က ထုတ်ပြန်ထားသည်။