Khit Thit သတင်းဌာန၏ ဇူလိုင် ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရုရှားလက်နက်များ ပြည်ပ တင်ပို့သည့် ရုရှားအစိုးရပိုင် Rosoboronexport ကုမ္ပဏီ အကြီးအကဲ Alexander A. Mikheev မြန်မာနိုင်ငံကို လျှို့ဝှက် လာရောက်ပြီး မြန်မာထိပ်ပိုင်း စစ်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့နေပြည်တော်ထိပ်တန်းစစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။
– ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ပဲခူးရိုးမကနေ မီးသွေးတွေ ခိုးထုတ်လာပြီး ပျူစောထီး မောင်းနှင် လာတဲ့ ဖောကားကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
– ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။