နေပြည်တော်ကို သိမ်းပိုက်ရေး သီတင်းပတ် ၃ ပတ်ကြာ ပြုလုပ်မည့် “နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့” ကမ်ပိန်းစတင်
ရန်ကုန်၊ ဇူလိုင် ၂၄
နေပြည်တော်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်နှင့် ပြည်တွင်း ပြည်ပမှ ပြည်သူများ ပါဝင်နိုင်မည့် သီတင်းပတ် ၃ ပတ်ကြာ ပြုလုပ်မည့် “နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့” ကမ်ပိန်း စတင်ပြီ ဖြစ်ပြီး ပြည်သူများ ပါဝင် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကမ်ပိန်းကို ဇူလိုင် ၂၂ ရက်မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ၃ ပတ်ကြာ ပြုလုပ်မည်ဖြစ်ပြီး သီတင်းပတ် သုံးပတ်အတွင်း သိန်းပေါင်း ၁၀၀၀၀ ရရှိရန် ရည်ရွယ်ထားကြောင်း၊ ပြည်တွင်း ပြည်ပမှ ပါဝင်လှူဒါန်းလိုသူများ အားလုံး အန္တရာယ်မရှိစေရန် စီမံထားကြောင်းလည်း မမများနှင့် ပွဲကမယ် ပေ့တွင် ဖော်ပြထားသည်။
ပါဝင်လှူဒါန်းလိုသူ ပြည်သူများအနေနှင့် မမများနှင့် ပွဲကမယ် https://www.facebook.com/dancingwithladies Facebook စာမျက်နှာတွင် နိုင်ငံအလိုက် ဆက်သွယ်ရမည့် တာဝန်ခံ ကိုယ်စားလှယ်ကြီးများကို စုစည်းထားသည့် Website Link ကို တောင်းယူနိုင်မည်ဖြစ်ပြီး ကိုယ်ရောက်ရှိနေသည့် နိုင်ငံအလိုက် သက်ဆိုင်ရာ ကိုယ်စားလှယ်များထံတွင် ပါဝင် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
