31 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၁၀ ဦးခန့်သေဆုံး၊ ဖြူးမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ခင်ဦးမြို့နယ်တွင် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၁၀ ဦးခန့်သေဆုံး၊ ဖြူးမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းရွာအဝင်လမ်းထိပ် ရာပြည့်စားသောက်အဆိုင်အနီးတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ ကြောင်း ကြယ်နီတပ်ဦး-Red Star Front ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင် ၂၃ ရက်နံနက် ၇ နာရီခန့် ခင်ဦးမြို့နယ်၊ မူးတိန်ချောင်းဘက်မှ အင်အား ၁၂၀ ခန့် ဖြင့်ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို နေ့လည် ၁၁ နာရီခွဲခန့်အချိန် သရက်ပင် ဝန်းကျေးရွအဝင်လမ်းထိပ် ရာပြည့်စားသောက်ဆိုင်အနီးရောက် မိုင်းဆွဲကာပစ်ခတ် တိုက်ခိက်ခဲ့ခြင်း ဖြစ်ပြီးအကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ BKDF၊ Khin U Local Guerrilla Force (KUGF) ၊အောင်ကျွဲကြီးRSF နှင့် ကြယ်နီတပ်ဦး – Red Star Front တို့ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးရွာ စာသင်ကျောင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၅၇ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာ စာသင်ကျောင်းထဲသို့ ဝင်ရောက် နေသည့် စစ်သားများကို KNLA၊ ရိုးမစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article