33 C
Yangon

ကရင်နီပြည်နယ်တွင် ဇူလိုင်လတိုက်ပွဲများ အတွင်း စစ်သား ၈၄ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

Must read

ကရင်နီပြည်နယ်တွင် ဇူလိုင်လတိုက်ပွဲများ အတွင်း စစ်သား ၈၄ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

ရန်ကုန်၊ ဩဂုတ် ၅

ကရင်နီ(ကယား)ပြည်နယ်အတွင်း၌ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်သား ၈၄ ဦးသေဆုံးပြီး ၃ ဦးအရှင် ဖမ်းမိကာ သေနတ် ၈ လက်အပါအဝင် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်ကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဉ်တန်းကို လွိုင်ကော် မြို့ အနီး၌ ကရင်နီ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး ပျက်စီးခဲ့ ကြောင်း၊ ယင်း ယာဉ်တန်းကို လုံခြုံရေးယူပေးရန် လွိုင်ကော်မြို့မှ ထွက်လာ သော စစ်သားများကို ကရင်နီ ပူးပေါင်း တပ်များက ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရ သည်။

ဇူလိုင်လတစ်လတာအတွင်း ကရင်နီပြည်တစ်ဝှမ်း၌ KNDF မှ ပါဝင်တိုက်ခိုက် ခဲ့သော တိုက်ပွဲပေါင်း ၃၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၈၄ ဦး သေဆုံး ကာ ၃ ဦး အရှင် ဖမ်းမိခဲ့ကြောင်း၊ လက်နက်ငယ် ၈ လက်နှင့် ခဲယမ်းအမြောက် အများသိမ်းဆည်းရရှိခဲ့ပြီး ယင်းတိုက်ပွဲများ အတွင်း KNDF တပ်ဖွဲ့မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ တစ်လတာအတွင်း အကြမ်းဖက်စစ်တပ်က လေကြာင်းတိုက်ခိုက်မှု ၄၂ ကြိမ်ရှိခဲ့ရာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ် သား များက ပြည်သူ ၇ ဦးကို အကြောင်းမဲ့သတ်ပစ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက် ကြီးဖြင့် တိုက်ခိုက်မှုတို့ ကြောင့် ဇူလိုင်လ အတွင်း လူနေအိမ် ၁၃ လုံးပျက် စီးခဲ့ကာ၊ ဘာသာရေးအဆောက်အဦ ၂ လုံး၊ ဆေးပေး ခန်း တစ်ခု၊ စာသင် ကျောင်း ၂ ကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့အနီးရှိ သံလွင်တံတားတွင် မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ရေး စစ်ကြောင်းထိုး နေသာ အ ကြမ်း ဖက်စစ်ကောင်စီတပ်များကို ကရင်နီ ပူးပေါင်း တပ်ဖွဲ့များက အပြင်းအထန်ခုခံ တိုက်ခိုက် လျက်ရှိ ကြောင်း၊ ထို့ပြင် မယ်စဲ့မြို့နယ်ရှိ ပန်တိန်း နယ်ခြားစောင့်စခန်းတွင် ရဟတ်ယာဉ် ဖြင့် ပို့ ဆောင်ကာ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့များက အဆက် မပြတ်တိုက် ခိုက်လျက်ရှိကြောင်း သိရသည်။

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင်လည်းအကြမ်းဖက် စစ်ကောင်စီတပ်များက ထိုးစစ်ဆင်လျက်ရှိရာ ကရင်နီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိ ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာ သစ်မြို့အတွင်းသို့ ဝင်ရောက် တပ်စွဲကာ အရပ်သားပြည်သူ ၃၀၀ ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီး ထိန်း သိမ်း ထားကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ယာဒိုကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို မဟာမိတ်တပ်များနှင့်အတူ KNDFက ပါဝင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း မှ အလွန်အကျွံ ပစ်ခတ်ဗုံးကျဲတိုက်ကာ စစ်သားများကိုလည်း အင်အားဖြည့်တင်းထားသဖြင့် တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း KNDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများနှင့် နယ်စပ် တပ်စခန်း များကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ က ဇွန်လအတွင်း သိမ်းပိုက်ခဲ့ရာ ယင်းတပ်စခန်းများ ပြန်လည်ရရှိရေး အတွက် အကြမ်းဖက်စစ်တပ်က လူသူလက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးစက်များ ပါဝင် သော စစ်ကား အစီး ၁၀၀ ကျော်ဖြင့် လွိုင်ကော်မြို့သို့ ဝင်ရောက်အား ဖြည့်ခဲ့ကြောင်း၊ ယင်းနောက် အထိနာလျက်ရှိသော တပ်စခန်း များ ကို လက် နက်ခဲယမ်း ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် အပြင်းအထန် ကြိုးစား ခဲ့ရာ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် သေဆုံးနေသော အကြမ်းဖက်စစ်သား အလောင်းတစ်ခု။

Photo- ကန္တာရ၀တီတိုင်းမ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article