ရန်ကုန်မြို့လယ်ခေါင်တွင် ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့်အဖြစ် “တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ” စာတန်းပါ ထီးအနီရောင် လှုပ်ရှားမှု Red Umbrella Movement ပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၈
ရန်ကုန်တွင် ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့်အဖြစ် “တော်လှန် မီးတောက် တွေ လောင်ကျွမ်းနေတုန်းဘဲ” စာတန်းပါ ထီးအနီရောင် လှုပ်ရှားမှု Red Umbrella Movement ကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ကြောင်း သိရှိရသည်။
ယနေ့ကျရောက်သော ၈လေးလုံးအရေးတော်ပုံ ၃၅နှစ်မြောက် အထိမ်း အမှတ် အနေဖြင့် စစ်ကောင်စီက လုံခြုံရေး အထပ်ထပ်ချထားသော ရန်ကုန်မြို့ လယ်ခေါင်တွင် ‘၈’ ဂဏန်းနှင့် ‘တော်လှန်မီးတောက်တွေ လောင်ကျွမ်း နေတုန်းဘဲ’ စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်က စစ်အာဏာ ရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုပြုလုပ်ကြောင်း သိရှိရသည်။
‘၈’လေးလုံး အရေးတော်ပုံကြီးသည် လူထုလူတန်းစားတစ်ရပ်လုံး ဆန့်ကျင် တော်လှန်ခဲ့ကြခြင်းဖြစ်သလို ယခု ၂၀၂၁ နွေဦးတော်လှန်ရေးသည်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ရှင်းလင်းရမည့် လူထုလူတန်း စား တစ်ရပ်လုံး၏ အဆုံးသတ်တိုက်ပွဲဖြစ်ကြောင်း၊ ထီးအနီရောင်လှုပ်ရှားမှုကို နေရာဒေသမရွေး တောင်ပေါ်မြေပြန့်သွေးချင်းအားလုံးပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ကြောင်း သိရှိရသည်။
မြန်မာတစ်နိုင်ငံလုံး ထီးအနီရောင်လှုပ်ရှားမှုတွင် ပါဝင်လိုပါက
-လူရှုပ်တဲ့နေရာ/ကားမှတ်တိုင်များတွင် ထီးအနီရောင်တွေဖွင့်ထားခဲ့ပေးပါ။ ( ထီးမှာ ‘၈’ နံပါတ်ကို ကိုယ်အဆင်ပြေသလိုရေးနိုင်ပါတယ်။ ၈ မပါလည်းရ..)၊
-၃၅ YBS bus (၃+၅=၈) ဖြင့် ဉာဏ်သာသလိုမှတ်တမ်းပုံရိုက်ပါ။ (၈လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်ကို ရည်ညွှန်းခြင်းဖြစ်သည်)၊ ထီးအနီရောင်ဖြင့် လက်သုံးချောင်းထောင်ပြီးဓာတ်ပုံရိုက်ပေးပါ။ (indoor/outdoor ကိုယ်အဆင်ပြေသလို ပုံရိုက်နိုင်ပါတယ်)၊
-ယင်းနောက် မှတ်တမ်းပုံများကို ရန်ကုန်လူထုသပိတ် Facebook Page သို့မဟုတ် မီဒီယာများသို့ပေးပို့နိုင်ကြောင်း၊
ဤနည်းလမ်းများထဲမှ တစ်ခုလုပ်ရုံဖြင့် ၈လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့် ထီးအနီရောင်လှုပ်ရှားမှုတွင် ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို လူထုလူတန်း စား တစ်ရပ်လုံး အတူတူ ဆန့်ကျင်ပုန်ကန်နိုင်ကြောင်း ရန်ကုန်လူထုသပိတ်က ထုတ်ပြန် ထားသည်။


