ရန်ကုန်၊ မတ် ၁၄
ယမန်နှစ်က ဗုံးခွဲခံထားရပြီးဖြစ်သော မြိတ်ခရိုင် NLD ရုံး ယနေ့ ညနေပိုင်းတွင် မီးရှိုခံရကြောင်း မြိတ်ခရိုင် NLD အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် မီးရှို့ခံရခြင်းဖြစ်ပြီး မီးသတ်ကားများ လာရောက် ငြိမ်းသတ်သဖြင့် မီးငြိမ်းသွားကြောင်း ဒေသခံများနှင့် NLD အသိုင်းအဝိုင်းထံမှ သိရှိရသည်။
“မြိတ်ခရိုင် NLD ပါတီရုံးမီးရှို့ခံရတယ်ဗျာ။ လူမရှိတော့တဲ့ ရုံးက လျှပ်စစ်မီးလည်းမသုံးဘဲ ဘာမီးလောင်စရာရှိလဲ။။ စစ်ခွေးတွေနဲ့ ပျူစောထီးပဲ မီးလာရှို့မှာပေါ့။ အပျက် မစီးမများဘူး။ ပတ်ဝန်းကျင်က အချိန်မီသိတော့ မီးသတ်ခေါ်နိုင်ခဲ့တယ်။ ရုံးထဲကနေ မီးခိုးတွေထွက်လာတယ်။ မနှစ်က ဗုံးခွဲခံရတုန်းကတော့ တော်တော်လေးကို ပျက်စီးသွားတယ်” ဟု ဒေသခံ NLD ပါတီထောက်ခံသူတစ်ဦးက ပြောသည်။