26.3 C
Yangon

ချင်းတွင်းမြစ်တွင် ရိက္ခာနှင့်စက်သုံးဆီများတင်လာသော စစ် သင်္ဘော ၄ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ချင်းတွင်းမြစ်တွင် ရိက္ခာနှင့်စက်သုံးဆီများတင်လာသော စစ် သင်္ဘော ၄ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း နမခတပ်အတွင်းသို့ လက်နက်ခဲယမ်းရိက္ခာနှင့် စက်သုံးဆီများဖြည့်တင်းရန် တက်လာသည့် စစ်သင်္ဘော ၄ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ စေတန်တပ်ခွဲမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် ရိက္ခာတင် သင်္ဘော ၄ စီးကို ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် ကြောင်းတွင် တဖက်ပွင့်မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦး အပြင်းအထန်ဒဏ် ရာရရှိကာ ဆေးရုံရောက်ရှိချိန်၌ သေဆုံးသွားကြောင်း၊ အခြားထိခိုက်ဒဏ်ရာရရှိသော စစ်သားများလည်း ရှိကြောင်း သိရသည်။

“ပခုက္ကူရဲ့အောက်ဘက်ရောက်တော့ သတင်းရတာနဲ့ ကြိုတင်ပြင်ဆင်ပြီးစောင့်နေတာ၊ ၂ ရက်လောက် တော့ကြာခဲ့တယ်၊ တဖက်ပွင့်တွေနဲ့ ၄၀ မမ ၊ ဂန်းငယ်တွေနဲ့ ပြင်ဆင်စောင့်နေတာ၊ သူတို့ အရင်ကတော့ဆို ရင် မြစ်ကြောင်းတနေရာမှာ ကမ်းတစ်ဖက်ကို ကပ်တယ်၊ အခုက ကျနော်တို့ရဲ့ ပစ်မှတ်ချိန်ထားတဲ့ဘက်ကို ကပ်လာတာ၊ အဲဒါနဲ့အနီးကပ်ပွဲဖြစ်သွားတာဗျ၊ မနေ့တုန်းက တိုက်ပွဲဖြစ်ပြီး မတိကျမှာစိုးလို့ အတွင်း သတင်းရအောင်စောင့်မေးကြည့်တော့ ၇ ကောင်သေတယ်၊ ဆေးရုံရောက်မှ သေတာ ကုချိန်မမီလိုက် ဖူးလို့ပြောတယ်၊ ဒဏ်ရာရနေတာတွေလည်းရှိတယ်၊ ဒဏ်ရာရသူ တိတိကျကျတော့ မသိရဘူးတဲ့” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ စေတန်တပ်ခွဲမှူးကရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA ၊ စေတန်တပ်ခွဲမှ တပ်ဖွဲ့ဝင်များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် အနီးကပ်တိုက်ပွဲဖြစ်ခဲ့ပြီး ကျည်အင်အား အ မြောက်အများအသုံးပြု တိုက်ခိုက်ခြင်းခံရသဖြင့် အသက်လုပြန်ဆုတ်ခဲ့ရကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ စေတန်တပ်ခွဲထံမှ သိရသည်။

“အနီးကပ်ပစ်ခဲ့ရတာဆိုတော့ သူတို့က ကျည်အားသုံးတယ်လေ၊ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တရကြမ်းပစ်တာဆိုတော့ ကျနော်တို့တွေ တော်တော်လေးကို အသက်နဲ့လုပြီး ပြန်ဆုတ်ခဲ့ရတာ၊ လက်နက်ကြီးတွေ တချိုဆိုရင် ရွာတွေဘက်အထိပါကျတယ်၊” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ စေတန်တပ်ခွဲမှူးကရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါသင်္ဘောများမှာ ပြည်သူပိုင်သင်္ဘောများဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ချောဆွဲလာခြင်းဖြစ်နိုင် ကြောင်း၊ ယင်းသင်္ဘောများပေါ်တွင် အကြမ်းဖက်စစ်သားများလိုက်ပါလာခြင်းဖြစ်ပြီး မင့်ဒေါင့်ဆိပ်ကမ်း ဆိုက်ကပ်ပြီးနောက် ဆီများကို ဘောက်ဆာကားများဖြင့် သယ်ယူသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article