26.3 C
Yangon

ပေါက်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ပေါက်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၆

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပေါက်မြို့နယ်ရှိ လွှစက် ၃ လုံး ထွန်စက် ၁ စီးတို့ဖြင့် ပိတ်ဆို့ထားသည့် လမ်းပိုင်းကို ရှင်းလင်းရန် ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အတည်မပြုနိုင်သေးကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အုန်းတော မြောက်ရွာနှင့် တောင်ရွာ အကြားတွင် ကင်းပုန်းဝပ်နေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပေါက်မြို့အိမ်တွင်းမှု​ကျောင်းမှ လက်နက်ကြီးများဖြင့် ၇ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ရွာများကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၂ နာရီ ၁၈ မိနစ်ခန့်တွင် အုန်းတောမြောက်ရွာနှင့် အုန်းတောတောင်ရွာအကြား အကြမ်းဖက် စစ်တပ်က လမ်းရှင်းလင်းနေစဥ် မိုင်းကွဲ၍ စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ် ၄၀ မမ တို့ဖြင့် ပစ်ခတ်ခဲ့ကာ ပေါက်မြို့အတွင်းရှိ အိမ်တွင်းမှု ကျောင်းကလည်း လက်နက်ကြီးဖြင့် ၃ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် တော်လှန်ရေး ကင်းထောက်အဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း ၃ ခွဲ ၅ နှင့် ပေါက် ပ.က.ဖ၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ ပူပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article