26 C
Yangon

စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးပြီး ဘဏ္ဍာရေးဒေါက်တိုင်များကို စီးပွားရေးပိတ်ဆို့မည့် နိုင်ငံခြားရေးမူဝါဒ NUG ကျင့်သုံးမည်

Must read

စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးပြီး ဘဏ္ဍာရေးဒေါက်တိုင်များကို စီးပွားရေးပိတ်ဆို့မည့် နိုင်ငံခြားရေးမူဝါဒ NUG ကျင့်သုံးမည်

ရန်ကုန်၊ ဩဂုတ် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကာလနဲ့ကိုက်ညီမယ့် နိုင်ငံခြားရေးမူဝါဒကိုသာ ချမှတ်ကျင့်သုံးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီနိုင်ငံခြားရေးမူဝါဒ လမ်းစည်းမျည်းတွေက ဖက်ဒရယ် ပဋိညာဉ်ကို အခြေခံ ပြီး တော့ဆောင်ရွက်နေတာဖြစ်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါ တယ်။

အဲဒီမူဝါဒပေါ်မှာ မျှော်မှန်းချက် နှစ်ချက်သားထားရှိထားပြီး အဲဒါကတော့ တရား မဝင်စစ်ကောင်စီကို ဖြတ်ချနိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ ထိရောက် တဲ့ သံတမန်ရေး နိုင်ငံရေးဖိအားတွေနဲ့အတူ ပြည်သူ လူထုကို ဖိနှိပ်နေတဲ့ အကြမ်း ဖက်နေတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင် တွေ၊ဘဏ္ဍာငွေကြေး တွေကို ထိရောက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ဖို့ အတွက်အရေးယူမှုတွေ သံတမန် ဖိအားတွေနဲ့အတူ ပိုမိုတိုးမြင့်နိုင်ဖို့အတွက် ရည်မှန်းချက်ထားတယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ကပြောပါတယ်။

ဒါအပြင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ လမ်းပြမြေပုံကို နိုင်ငံတကာ က သိရှိထောက်ခံလာရေးဆိုတဲ့ ရည်မှန်းချက်ထားရှိပြီး ကြိုးစားဆောင်ရွက် နေ တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article