36 C
Yangon

မြန်မာနိုင်ငံတွင် စနစ်တကျ ဖိနှိပ်မှုများကြောင့် ဒီမိုကရေစီပြန်သွားရေး မျှော် လင့်ချက် ချေဖျက်ခံနေရပြီး အခြေအနေ ဆိုးဝါးလာဟု ကုလ အတွင်းရေးမှူး ချုပ် ပြောဆို

Must read

မြန်မာနိုင်ငံတွင် စနစ်တကျ ဖိနှိပ်မှုများကြောင့် ဒီမိုကရေစီပြန်သွားရေး မျှော် လင့်ချက် ချေဖျက်ခံနေရပြီး အခြေအနေ ဆိုးဝါးလာဟု ကုလ အတွင်းရေးမှူး ချုပ် ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၇

စစ်အာဏာသိမ်းသည့် မြန်မာနိုင်ငံတွင် စနစ်တကျ ဖိနှိပ်မှုများကြောင့် ဒီမိုကရေစီပြန်သွားရေး မျှော်လင့်ချက် ချေဖျက်ခံနေရပြီး အခြေအနေ ဆိုးဝါးလာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုသည်။

ယနေ့ ကျင်းပခဲ့သည့် ကုလသမဂ္ဂနှင့် အာဆီယံတို့အကြား ထိပ်သီးဆွေးနွေးပွဲ မတက်ရောက်မီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကုလအတွင်း ရေးမှူးချုပ်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကြမ်းတမ်းရက်စက်တဲ့ အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှု ဆိုးဝါးလာတာတွေ၊ စနစ်တကျ ဖိနှိပ်မှုတွေက ဒီမိုကရေစီပြန်သွားရေး မျှော်လင့်ချက်ကို ချိုးဖျက် လိုက်ပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အခြေအနေများကို ကူညီကယ်ဆယ်ရန် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ပေးရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က နိုင်ငံတကာကို တောင်းဆို လိုက်ပြီး မြန်မာ့အခြေအနေမှာ ပိုမိုဆိုးဝါးလာနေကြောင်း၊ စစ်တပ်အနေဖြင့် နိုင်ငံအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီ ပြန်သွားရေး တံခါး ဖွင့်ရန် အတွင်းရေးမှူးချုပ်က တိုက်တွန်းတောင်းဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့် ပြုသင့်မရသည့်အပေါ် ကုလသ မဂ္ဂ အနေဖြင့် စိုးရိမ်ပူပန်ပြီး ဆေးကုခွင့် ပေးရေးမှာ အခြေခံ အခွင့်အရေး ဖြစ် ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ Farhan Haqက ပြောဆိုခဲ့သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article