27 C
Yangon

စစ်တပ်စခန်းများကို အရှိန်မြှင့်တိုက်ခိုက်နိုင်ရေး လိုအပ်နေသော “ဒရုန်းအကြီးတစ်စီး” ကမ်ပိန်းကို ပူးပေါင်း ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံ

Must read

စစ်တပ်စခန်းများကို အရှိန်မြှင့်တိုက်ခိုက်နိုင်ရေး လိုအပ်နေသော “ဒရုန်းအကြီးတစ်စီး” ကမ်ပိန်းကို ပူးပေါင်း ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံ

ရန်ကုန်၊ စက်တင်ဘာ ၁၁

စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို အရှိန်မြှင့် တိုက် ခိုက်နိုင်ရန် လိုအပ်နေသော “ဒရုန်းအကြီးတစ်စီး ကျပ်သိန်း ၂၀၀ (တောင်ပံတစ်စုံ Second Project)ကို ပူးပေါင်းကူညီပေးကြပါရန် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံမှ တဆင့်ပြောကြားသည်။

ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အမြစ်ပြတ်ချေမှုန်းရာတွင် လူအင်အားနည်းနည်းဖြင့် နည်းပညာအသုံးပြု ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်နေ သော ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နေဖြင့် ရိုက်ကူးရေးဒရုန်းငယ်များဖြင့်သာ မစ်ရှင်များကို ဖော်ဆောင် နေရပြီး မိဘပြည်သူများ၏ အကူအညီဖြင့် တိုက်ခိုက်ရေးဒရုန်းအကြီးတစ်စီးဖြည့်ဆည်းနိုင်ရန် ရည်ရွယ် ပြီး ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“အခု အသုံးပြုနေရတဲ့ ဒရုန်းလေးတွေက ရိုက်ကူးရေး ဒရုန်းလေးတွေဆိုတော့ အလေးချိန် အများကြီး မသယ်နိုင်ဘူး၊ အဲဒီတော့ ဗုံးသီးအကြီးတပ်ပြီးချချင်ပေမယ့် ချလို့မရဘူး၊ ချလို့မရတော့ ထိရောက်မှု နည်းတာပေါ့၊ ပြီးတော့ အမြင့်ကြီးလည်း ပြန်မတက်နိုင်ဘူး၊ အမြင့်တက်မရတော့ စစ်တပ်အသုံးပြုတဲ့ Jummer ခဏခဏ မိတယ်၊ သူ့ရဲ့အားသာချက်က ကင်မရာကနေ တိုက်ရိုက်မြင်နေရတော့ ခြေလျင် စစ်ကြောင်းတို့၊ သင်္ဘောတို့ လှုပ်ရှားပစ်မှတ်တို့ဆိုရင် အဆင်ပြေတယ်” ဟု ယူနီကွန်းပြောက်ကျားတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကမ်ပိန်းကာလကို စက်တင်ဘာလ ၁ ရက်နေ့မှ လကုန်အထိ သတ်မှတ်ထားပြီး မိဘပြည်သူများအနေ ဖြင့် ပရော့ဂျက် အမြန်အောင်မြင်ကာ စစ်ကောင်စီတပ်စခန်းများကို အမြန်ဆုံးတိုက်ခိုက်နိုင်ရန် အတွက်

Tulip

https://www.facebook.com/profile.php?id=100091973884845…

S.F.D.A telegram

https://t.me/sfda46314

အမေရိကန်ကနေထောက်ပို့လိုပါက –

https://www.facebook.com/yuyu.thein.965?mibextid=ZbWKwL

ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့သော မစ်ရှင်များကို ဖတ်ရှုရန် –

https://m.facebook.com/story.php?story_fbid=176585568787309&id=100093075999199&mibextid=Nif5oz

တို့မှ တဆင့် ဆက်သယ်ကူညီလှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

“အခုဝယ်ယူမယ့် ဒရုန်းအကြီးကတော့ အမြင့်အထိ ပျံနိုင်တော့ Jummer သိပ်ကြောက်စရာ မလို့တာ ရတယ်၊ အလေးချိန်အများကြီး သယ်နိုင်တော့တစ်ခေါက်ဆိုရင် တစ်ခေါက် ထိရောက်မှုရှိတာပေါ့၊ မစ်ရှင် တစ်ခုဆိုရင် တစ်ခုအလျှောက် ထိရောက်တယ်၊ ကျနော်တို့မှာလည်း ရန်ပုံငွေရရှိမှုက နည်းတဲ့အတွက် ကမ်ပိန်းလုပ်ရခြင်းဖြစ်ပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article