26 C
Yangon

ရွှေကူမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံး

Must read

ရွှေကူမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် မြို့လှ PDF တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း မြို့လှ PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရွှေကူမြို့ ဆိပ်ကမ်းမှ အကြမ်းဖက် စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော ၆ စီး ဗန်မော်ကို ဆန်တက်စဥ် လုံခြုံရေးယူရန် သင်္ဘောအင်း​​ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၂၁ တပ်ရင်းနှင့် ခလရ ၁၀ ၊ ခလရ ၇၇ တပ်ရင်းတို့ ဝင်ရောက် တပ်စွဲခဲ့ကြောင်းသိရသည်။

ယင်းနေ့ ညပိုင်းတွင် စစ်သင်္ဘောများ လုံခြုံရေးအတွက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျွန်းတော်ရွာဘက်မှ စက်လှေ ၂ စီးကို ချောဆွဲခဲ့ပြီး ခလရ ၁၀ နှင့် ၇၇ တပ်ရင်းမှ အင်အား ၄၆ ဦးပါသော စက်လှေ ၁ စီးသည် ဆင်တပ်​ကျေးရွာဘက်သို့ ဆင်းလာကြောင်း၊ ခလရ ၁၂၁ တပ်ရင်းမှ အင်အား ၆၇ ဦးပါ စက်လှေ ၁ စီးသည် သင်္ဘောအင်းရွာမှ နောင်မိုဘက်သို့ ဆန်တက်စဥ် မြို့လှ K-PDF အဖွဲ့မှ စောင့်ကြို တိုက်ခဲ့ပြီး တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ စက်လှေကို ထိထိ ရောက်ရောက် ပစ်ခတ်နိုင်ခဲ့သည့်အတွက် စက်လှေသည် ကျောက်ကြိုးဘုရားအနီး​ ဧရာဝတီမြစ်တစ်ကမ်းကို မောင်းကပ်သွားရာ ကမ်းအရောက်တွင် စက်လှေ နစ်မြုပ်သွားကြောင်း၊ ထိခိုက် သေဆုံးသူများ၊ လက်နက်များနှင့် ဒဏ်ရာရသူများကို ဆွဲတင်နေကြသည်ကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ဧရာဝတီမြစ်ကမ်း၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၂၁ တပ်ရင်းနှင့် မြို့လှ PDF တို့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကာ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၁၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ခလရ ၁၂၁ တပ်ရင်းနှင့် မြို့လှ PDF တို့ တတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ကျောက်ကြိုးဘုန်းကြီးကျောင်းဘက်ကို တက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရသူများကို ကျောက်ကြိုးဘုန်းကြီးကျောင်းကို သယ်ယူသွားပြီး ကုသမှုများ ပြုလုပ်နေကြောင်း သိရသည်။

” ထိတွေ့ တိုက်ပွဲမှာ စစ်ခွေး ၉ ကောင်သေတယ်။ စစ်ခွေး စစ်ကြောင်းကို Drone အဖွဲ့တွေကတော့ မကြာခဏ ဆော်နေတုန်းပဲ မြေပြင်တိုက်ပွဲတော့ စစ်ခွေးတွေက ပုန်းနေကြတော့ ထပ်မဖြစ်သေးဘူး” ဟု မြို့လှ PDF မှ တာဝန်ရှိသူ တစ်ဦး ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article