မုံရွာမြို့နယ် အမှတ် ၉၃၀ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ ဒုတပ်ကြပ် တစ်ဦး အလင်းဝင်၊ အလင်းဝင်လာသူမှန်သမျှ ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ရောက်ရှိသည်အထိ တာဝန်ယူပေးမည်
ရန်ကုန်၊ စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမှတ် ၉၃၀ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်မှ ဒုတပ်ကြပ်တစ်ဦးသည် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF Chinland Defense Force/Civic Defense Militia – CDM – Siyinထံတွင် အလင်းဝင် လာကြောင်း အဆိုပါအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် အမှတ် ၉၃၀ ထောက်ပံရေးနှင့် ပို့ဆောင်ရေး တပ်ရင်းမှ ဒုတပ်ကြပ် ငိုလျန်ကျင် သည် ချင်းကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော CDF Chinland Defense Force/Civic Defense Militia – CDM – Siyin ထံတွင် အလင်းဝင် လာကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်သို့ ဘေးကင်း လုံခြုံစွာ အလင်းဝင်လာ နိုင်ရေးအတွက် တော်လှန်ရေး တာဝန် တစ်ရပ်အဖြစ် စည်းရုံးလှုပ်ရှားနေကြောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Siyin ထံသို့ အလင်းဝင်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းရှိ နေပြီဖြ စ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များတွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် များနေဖြင့် ပြည်သူများထံသို့ ပူးပေါင်း အလင်းဝင်လာမှုများကို ကြိုဆိုပြီး ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိသည့်အထိ CDF Chinland Defense Force/Civic Defense Militia – CDM – Siyin တာဝန်ယူပို့ဆောင် သွားမည်ဖြစ် ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။