ချက်နိုင်ငံ ပရာ့ဂ်မြို့တွင် ကျင်းပသည့် Forum 2000 Conference သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများတက်ရောက်ဆွေးနွေး
ရန်ကုန်၊ အောက်တိုဘာ ၁၆
ချက်နိုင်ငံ၊ပရာ့ဂ်မြို့တွင် “For a Democratic World Order “ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်နေသော (၂၇)ကြိမ်မြောက် Forum 2000 Conference သို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်နေပြီး ညီလာခံအစီအစဥ်အတွင်း “Myanmar’s Overlooked Struggle” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲအား ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့်အတူတိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်များကလည်း ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။