26 C
Yangon

ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရဲဘော် ၃ ဦး နှင့်ပြည်သူ ၁ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

Must read

ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရဲဘော် ၃ ဦး နှင့်ပြည်သူ ၁ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၉ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဂျက်တိုက်လေယာဥ် ၃ စီးသည် ညောင်လေးပင်ခရိုင်ရှိ လယ်ထူးလူ နေရာ အတွင်းကို ဗုံး ၂ လုံး ကျဲချပြီး စက်သေနတ်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် အဆောက်အဦး ၂ လုံးပျက်စီးရကြောင်းသိရသည်။

အဆိုပါ ဂျက်တိုက်လေယာဥ် ၃ စီးသည် ဆက်လက်ပြီး ကဒီးစူဒေး နေရာအတွင်းကို ဗုံး ၂ လုံး ကျဲချခဲ့ပြီး စက်သေနတ်ဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့သော ကြောင့် ကဒီးစူဒေး နေရာ အတွင်းရှိ ပြည်သူပိုင် အဆောက်အဦး ၁ လုံးပျက်စီးကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး စနွင်းခင်း ၁ ခင်း နှင့် ကန်စွန်းဥခင်း ၁ ခင်း လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ဂျက်တိုက်လေယာဥ်များက ခဲဒိုးကျေးရွာအုပ်စုရှိ ပယ်ဝါးဒဲကျေးရွာအတွင်းကို ဗုံး ၂ လုံး ကြဲချပြီး စက်သေနတ်ဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့သောကြောင့် အသက် ၂၅ နှစ်အရွယ် စောပီးလေး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံး နှင့် ကျေးရွာ စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ညနေပိုင်းတွင် ကွီးလားရွာ၊ ထီးရိုးထော်ပလောနှင့် စေးဘောဒဲ စသည့်နေရာများကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ လေယာဥ် ၃ စီးဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်မှု ၃ ကြိမ် နှင့် စက်သေနတ်ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရပြီး လယ်ဒိုမြို့နယ်အထက်တန်းကျောင်း၊ Klerlweehtu Junior College၊ လယ်ဝါးအလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်းနှင့် ခေါလိုကလိုး မူလတန်းကျောင်း စသည့်ကျောင်းများကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article