32 C
Yangon

ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှ ရိက္ခာရှာဖွေရန်နှင့် လုံခြုံရေးအတွက် ထွက်က်လာသော ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၂ ဦးကို ပစ်ခတ်ဖမ်းဆီးမှု ၂ ဦးစလုံးသေဆုံးပြီး၊ သေနတ် ၂ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိ

Must read

ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှ ရိက္ခာရှာဖွေရန်နှင့် လုံခြုံရေးအတွက် ထွက်က်လာသော ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၂ ဦးကို ပစ်ခတ်ဖမ်းဆီးမှု ၂ ဦးစလုံးသေဆုံးပြီး၊ သေနတ် ၂ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီး(ပျူ)ရွာမှ စားနပ်ရိက္ခာ ရှာဖွေရန် နှင့် ရှေ့ကင်းထွက်လာသော စစ်ကောင်စီ လက်ကိုင်တုတ် ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၂ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၂ ဦးစလုံး သေ ဆုံးသွားပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ASF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်က ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှ ရိက္ခာရှာ ရန် ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲ နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ကျန်ရဲတစ်ဦးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးခေါ်ဆောင် လာစဉ် လမ်း၌ သေဆုံးသွားကြောင်း၊ အဆိုပါ ရဲ ၂ ဦးမှာ အမှတ် ၂၆ ရဲတပ်ရင်းမှ ရဲတပ်သား ထွန်းကျော် စွာ(ခ) ထွန်းထွန်း နှင့် ရဲတပ်သား အောင်ဆန်းမြင့်တို့ဖြစ်ကြောင်း သိရသည်။

“ပျူရွာအထွက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဖမ်းဆီးခဲ့ရတာ၊ ငှက်ပျောပင်ထွက်ခုတ်တာလို့တော့ သိရပါတယ်၊ ပစ်ခတ်မှုဖြစ်ပြီးတော့ ရွာထဲက စစ်ကူတွေ ထွက်လာသေးတယ်ဗျ၊ သူတို့နဲ့ တော့အပြန် အ လှန် မပစ်ခဲ့ရဘူး၊” ဟု မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ASF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော ရဲ၂ ဦးထံမှ G3 သေနတ် နှစ်လက်၊ ကျည်အိမ် ၅ ခု၊ 7.62 ကျည် အတောင့် ၁၅၀ ၊ ကျည် ကာ အင်္ကျီ တစ်ထည်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဘေးလွယ်အိတ်တစ်လုံး၊ ဓားရှည်တစ် လက်နှင့် ဆက် စပ်ပစ္စည်းများကို သိမ်းဆည်းရရရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို ဗျုဟာတပ်ရင်း ၄ ရင်း ဖြစ်သော မုံရွာခရိုင်တပ်ရင်း ၅ – Aung San Force A.S.F မုံရွာခရိုင်တပ်ရင်း ၇ ၊ မုံရွာခရိုင်တပ်ရင်း ၂၅ သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း ၂၈ တို့နှင့်အတူ We Must Win ၊ မီးတောက်တပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် အမှတ် ၅ တပ်ရင်း – Aung San Force သည် အကြမ်းဖက်စစ်ကောင်စီရန်သူ့ တပ်စခန်းများ ကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများကို မိဘပြည်သူ များမှ ကူညီပါဝင်အားဖြည့်ပေးကြရန် နှင့် ရန်သူ့တပ်စခန်းများရှိရာ နေရာများကို အတက်နိုင်ဆုံး ရှောင် ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article