31 C
Yangon

ယင်းမာပင် ဗိုလ်သံမဏိအဖွဲ့ဝင်တချို့က လူ ၁၀ ဦးကို မှားယွင်း စီရင်သတ်ဖြတ်ကြောင်း စိစစ်တွေ့ရှိရဟု NUG က သတင်းထုတ်ပြန်၊ ပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူမည်

Must read

ရန်ကုန်၊ မတ် ၂၆

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်က စုံစမ်းစစ်ဆေးမှုပြီးစီးတာနဲ့ ပြစ်မှုကျူးလွန်သူတွေကို လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်မှာ ဖြစ်ပြီးတော့ အဲဒီလို စုံစမ်းစစ်ဆေးအရေးယူမှုတွေကို နာခံခြင်း မရှိဘဲ မိမိတို့ စိတ် တိုင်းကျ စီရင်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ ဒီနေ့ရက် စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗိုလ်သံမဏိ ဦးဆောင်တဲ့ ယင်းမာပင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ဝင်အချို့က ကိုထိုက်မောင်အပါအဝင် လာပို့ကျေးရွာသား ၆ ဦး နဲ့ အခြား ၄ ဦးကို မှားယွင်းစီရင်ခဲ့တဲ့ မှုခင်းတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ယင်းကိစ္စအတွက် လူပျောက်မှုအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားမှုကို လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ယင်းမာပင် လူပျောက်တိုင်ကြားမှုအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ စုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ နောက်မှာ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်တစ်ရပ်ကို တရားရေးဝန်ကြီးဌာနက ဥပဒေပ ညာရှင်တွေနဲ့ ပေါင်းစပ်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က ယင်းမာပင်အမှုပါအဝင် ဆက်စပ်အမှုတွေ၊ စစ်ရေးပြစ်မှုတွေကို ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများစွာကြားထဲက ကြိုးပမ်းပြီး စုံစမ်း စစ်ဆေးကာ တာဝန်ရှိသူတွေ၊ ကျူးလွန်သူတွေကို အရေးယူနိုင်စေဖို့နဲ့ နစ်နာသူတွေကို တရားမျှတမှု ခံစားရနိုင် စေဖို့ ဆောင်ရွက်လျက်ရှိပါတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ယင်းမာပင် ပြည် သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိ၊ နစ်နာသူ မိသားစုဝင် ၁၁ ဦးနဲ့ အခြားသက်သေ ၈ ဦးကိုစုံစမ်း စစ် ဆေးခဲ့ပြီး ကြားဖြတ်အစီရင်ခံစာနဲ့ သုံးသပ်တွေ့ရှိချက်တွေကို အမျိုးသားညီညွတ် ရေးအစိုးရထံသို့ ၂၀၂၂ ခုနှစ် မတ် ၁၇ မှာ အစီရင်ခံစာတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ သံသယရှိသူတွေနဲ့ သက်သေတွေကို စုံ စမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆက်လက်ဆောင်ရက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ကြားဖြတ်အစီရင်ခံစာနဲ့ သုံးသပ်တွေ့ရှိချက်တွေကိုလည်း ဖော်ပြထားပြီးတော့ အဲဒါတွေကတော့ လာဘို့ရွာမှ ကို ထိုက်မောင်အပါအဝင် ကျေးရွာသား ၆ ဦးကို မှားယွင်းစွပ်စွဲသတ်ဖြတ်ခဲ့ပြီး အဆိုပါ ၆ ဦးမှာ Hero Tiger PDF အ ဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ကျေးရွာသား ၆ ဦးအပြင် မီးသတ်ရဲဘော် ၂ ဦး၊ ကားမောင်းသူ ၁ ဦးနဲ့ ခြေထောက်ဒဏ်ရာ ရနေတဲ့ မီးသတ်ရဲဘော်ကို ကူညီဖို့ လိုက်ပါလာတဲ့ လူငယ်တစ်ဦး တို့လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ဆေးတွေ့ ရှိကြောင်း၊ သတ်ဖြတ်မှုက ယင်းမာပင်ဒေသ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်သံမဏိရဲ့ လက် အောက်ခံ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်အချို့က ကျူးလွန်ခြင်းဖြစ်တယ်လို့ စိစစ်တွေ့ရှိရကြောင်းနဲ့ အမှုအခင်း မှာ ဒေသခံကာကွယ်ရေအဖွဲ့ ၂ ဖွဲ့အကြား နားလည်မှုလွဲမှား အငြိုးအတေးထားမှုတွေကို အကြောင်းပြုပြီး ဖြစ်ပွား ခဲ့တာလို့ ကနဦး စိစစ်တွေ့ရှိရကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအကြား စစ်ဘက်ကွပ်ကွဲမှု တည်ဆောက်ရေးနဲ့ ပြည်သူ့ခုခံစစ်ပွဲ ဆင်နွဲနေစဉ်ကာလအတွင်း စစ်ဘက် စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ကျင့်ဝတ်တွေလိုက်နာပြီး ပြည်သူတွေရဲ့ ဘဝလုံခြုံမှု၊ တရားမျှတမှုတို့အတွက် တော်လှန် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖြစ်လာစေရေး အားသွန်ခွန် စိုက် တည်ဆောက်နေပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အရပ်ဘက်ပစ်မှတ်တွေနဲ့ အရပ်သားပြည် သူတွေ ထိခိုက်နစ်နာစေမယ် တိုက်ခိုက်မှုများကို ရှောင်ရှားကြဖို့နဲ့ အကျဉ်းသားတွေ၊ သံသယရှိသူတွေကို စစ်ဘက် စည်းမျဉ်း၊ စည်းကမ်းတွေ၊ အရပ်ဘက်ဥပဒေတွေနဲ့အညီ စစ်မေးထိန်းသိမ်းကြဖို့ ပညာပေးတာ၊ ညွှန်ကြားချက်တွေ ထုတ်ပြန် လိုက်နာစေတာတွေကို ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက တရားသဖြင့်တော်လှန်သော ပြည်သူ့ခုခံတော်လှန်စစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်သူတို့ရဲ့ ဘဝလုံခြုံမှုနဲ့ တရားမျှတမှုကို ရှေးရှုပြီး အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်တဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေတွေနဲ့အညီ အရေး ယူဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ စစ်ပွဲဆိုင်ရာစည်းမျဉ်းတွေ၊ စစ်သည် တော်ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းတွေနဲ့ သစ္စာအဓိဌာန်(၄)ချက်ကို လိုက်နာကြရမည်ဖြစ်ပြီး ပြည်သူလူထုကို ထိခိုက်စေတဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား တာတွေ့ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article