26 C
Yangon

ဖလမ်းရှိ စစ်ကောင်စီ၏သီဘွာလ် တပ်စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် စစ်တပ်အလံကို ဖြုတ်ချကာ CNDF အလံလွှင့်ထူ

Must read

ဖလမ်းရှိ စစ်ကောင်စီ၏သီဘွာလ် တပ်စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် စစ်တပ်အလံကို ဖြုတ်ချကာ CNDF အလံလွှင့်ထူ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ချင်းပြည်နယ်၊ဖလမ်းမြို့နယ် သီးဘွာလ်စစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီအာလံကို ဖြုတ်ချပြီး ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ၏ အလံလွှင့်ထူလိုက်ကာ သီဘွာလ် စစ်စခန်းကို CNDF တပ်ဖွဲ့များက မြေထိုးစက်ဖြင့် နယ်မြေရှင်းလင်းရေများပြုလုပ် ကြောင်း CNDF ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီ၏ သီးဘွလ်တပ်စခန်းကို CNDF က နိုဝင်ဘာလ ၁၅ ရက် နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီး တပ်စခန်းမှထွက်ပြေးသူ စစ်ကောင်စီတပ်သား ၂၉ ဦး ကို ယနေ့ နိုဝင်ဘာလ ၁၉ ရက် အိန္ဒိယစံတော်ချိန် ၁၂ နာရီတွင် အိန္ဒိယအစိုးရက အိန္ဒိယနိုင်ငံ၊ မီဇိုပြည်နယ် ကျိုင်ဖိုင်းခရိုင်၊ဗာဖိုင်းကျေးရွာမှ ရဟတ်ယာဥ်ဖြင့် မဏိပူရသို့ပို့ဆောင်ကြောင်း သိရှိရသည်။

အဆိုပါ သီးဘွာလ်စစ်ခန်းသိမ်းတိုက်ပွဲတွင် MA1 – (၄) လက်၊ MA3 – (၁) လက်၊ ၆၀ မမ စိန်ပြောင်း – (၂) လက်၊ RPG သီး – (၆၅) လုံး၊ ၄၀ မမ ဗုံးသီး – ၁၈၀ လုံး၊ ၆၀ မမ ဗုံးသီး – ၇၂ လုံး၊ အီနာဂါ – ၈၀ လုံး၊ လက်ပစ်ဗုံး – ၆၃ လုံး၊ Drone Jammer- ၁ လုံး၊ ၅.၅၆ ကျည် – ၁၆,၂၅၂ တောင့်၊ ၇.၆၂ ကျည် – ၈,၁၀၀ တောင့်၊ နင်းမိုင်း – (၅၁) လုံး၊ ရှေ့ထွက်မိုင်း – (၂၃) လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းခဲ့ရပြီး ဂိုဒေါင်မှ ဆန်အိတ် (၆၁) အိတ်နှင့် စားသောက်ကုန်ပစ္စည်းများ၊ စခန်းအတွင်း မွေးမြူထားသော ကြက်၊ ဝက် များကို CNDF က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article