Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ် က အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ ထွေ/အုပ်ရုံး၊ အထက ၁ ၊ ပြည်သူ့ဆေးရုံ နဲ့ ဝန်ထမ်းအိမ်ရာဝင်းတွေကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်တွေကနေ ဒီကနေ့မနက်ပိုင်းမှာပဲ တစ်ပြိုင်နက်တည်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ကရင်နီမှာ ဖမ်းဆီးရရှိထားတဲ့ စစ်လေယာဉ်မောင်း ဗိုလ်မှူး ခိုင်သန့်မိုးကို ပြည်သူတွေအပေါ် လေကြောင်းနဲ့ ဗုံးကျဲသတ်ဖြတ်မှုအတွက် ပြင်တွင်း နဲ့ နိုင်ငံတကာ ဥပဒေတွေ အရ အရေးယူမှာ ဖြစ်တယ်လို့ IEC ကကြေညာထားသလို ၊ NUGသမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကလည်း ပြောထားပါတယ်။
– ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ရက် ၂၀ ကျော် အတွင်းမှာပဲ စစ်ကော်စီဘက်က “ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ”ကို ဆက်သွယ်ချိတ်ဆက်ပြီး ခိုလှုံလာသူဟာ ဗိုလ်ကြီးတွေ အရာရှိတွေအပါအဝင် စုစုပေါင်း ၃၄ ဦး ရှိတယ်လို့ NUG ကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
