Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလ ၁၀ ရက်တာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့စခန်းပေါင်း ၄၀ ကိုလည်း သိမ်းပိုက်ထားတယ်လို့ ရက္ခိုင့်တပ်တော် -AA က ထုတ်ပြန်ပါတယ်။
– စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ဘက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၈ ရွာကျော်က ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။
– အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို သံတမန်ရေးအရဖိအားပေးဖို့နဲ့ မြန်မာလူထုအပေါ် ထိရောက်သေချာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးဖို့ ဂျပန် လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။