24 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း ၁၆၄ ခုရှိလာ၊ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း ၁၆၄ ခုရှိလာ၊ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း ၁၆၄ ခုရှိလာကြောင်း MNDAA က တရား၀င် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ MNDAAက ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်ရရှိပြီး စုစုပေါင်းစစ်ကောင်စီတပ်စခန်း ၁၆၄ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန် MNDAAက ကိုးကန့်တုန်းရှမ်းဒေသ ရင့်ရှင့်အနောက်တောင်ကုန်း ရာပါးချင့်နေရာရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့်ပစ်ကူပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် နံနက် ၈ နာရီ ၀၆ မိနစ်အချိန်တွင် စခန်းကို အောင်မြင် စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန် MNDAA က ရင့်ရှင့်စခန်း၏တစ်ဘက်ခြမ်း ဟုန်အိုင်ထုံးနေရာရှိစစ်ကောင်စီ၏ တပ်စခန်း တစ်ခုကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲနာရီဝက်ကြာဖြစ်ပွားပြီး ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် စခန်းကို အောင်မြင်စွာသိမ်းပိုက် နိုင်ခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့် MNDAA က ဒေသလုံခြုံရေးတပ်ဖွဲ့နှင့်ပူးတွဲပြီး ရှင်းဝမ်ဒေသ ၊ လောက်ကောင်ကျိုင့်မှ မန်ကန်ရွာကြားဖြတ်သန်းလာသောစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် စစ်သား ၉ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက် နံနက် ၉ နာရီ ၅၁ မိနစ် နာရီခန့်အချိန် MNDAAက ကိုးကန့်ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ချစ်ကျူလင်ရွာ အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကိုထိုးစစ်ဆင်လာပြီး နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် သိမ်းပိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းနှင့် ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် နန်ဟူထန်ရွာမှ တာကျူချင့်ရွာသို့ စိမ့်ဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ကို MNDAA က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article