29 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၁၀၂၇ စစ်ဆင်ရေးကို နိုင်ငံလုံးအဆင့်သို့ ပြောင်းလဲပြီး နောက်တစ်ဆင့် တက်မယ်လို့ ကြေညာထားမှုကြောင့် စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် အပါအဝင် တစ်နိုင်ငံလုံးမှာ တပ်လှန့်လုံခြုံရေး တိုးမြှင့်ထားတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်း မြစ်နဲ့ ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာ ပျူစောထီးစခန်းသိမ်းခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေ ကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA တပ်ဖွဲ့ဆီက သိရပါတယ်။

– ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်အောင်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲတာ ကြောင့် တိုက်နယ်ဆေးရုံ ထိမှန်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article