စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF စစ်ကြောင်းများထံသို့ NUG ဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF စစ်ကြောင်းများထံသို့ NUG ဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်ကြောင်း NUG ၏ သတင်းမီဒီယာ PVTV က တရားဝင် သတင်းထုတ်ပြန်သည်။
စစ်တောင်းမြစ်အနောက်ကမ်း ရှိ PDF စစ်ကြောင်းများနှင့် စစ်မြေပြင်သို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ အမှာစကား နှင့် လမ်းညွှန်မှုများကို စစ်ကြောင်းမှူးနှင့် ရဲဘော်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က “ယခုလို့ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ မိမိတို့ PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးက အကြမ်းဖက် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ၊ ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကြတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်တွေကြားထဲမှာတင်မကဘဲ ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေတိုးတက်နေအောင် ဆောင်ရွက်ကြဖို့လိုကြောင်း ” ဟု ပြောကြားသည်။
ယင်းနောက် ဒုတိယ စစ်ဒေသမှူး ရဲဘော်တင်ဦးအပါအဝင် စစ်ကြောင်းတာဝန်ရှိသူများနှင့် စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ NUG ဖြည့်ဆည်းဆောင်ရွက်ရမယ် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ်ကြောင်း ၊ Royal peacock စစ်ကြောင်းမှူးက ဒေသ လုံခြုံရေးနှင့် နယ်မြေအခြေအနေများကို ရှင်းပြခဲ့ကြောင်း သိရှိရသည်။