29 C
Yangon

ချင်းအဖွဲ့အစည်း သုံးဖွဲ့ ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်း၊ ချင်းပြည်အရေး နှင့် ချင်းအမျိုးသားရေးတွင် နိုင်ငံရေး စစ်ရေးပူးပေါင်းဆောင်ရွက်သွားမည်

Must read

ချင်းအဖွဲ့အစည်း သုံးဖွဲ့ ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်း၊ ချင်းပြည်အရေး နှင့် ချင်းအမျိုးသားရေးတွင် နိုင်ငံရေး စစ်ရေးပူးပေါင်းဆောင်ရွက်သွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ချင်းပြည်ရေးနှင့် ချင်းအမျိုးသားရေးတို့တွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ချင်းအဖွဲ့အစည်း သုံးဖွဲ့ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

Zomi federal Union (ZFU)‎၊ Chin National Origanization (CNO)/CNDF နှင့် Chin National Council (Mindat)/CDF -Mindat သုံးဖွဲ့ ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကာ ချင်းပြည်လုံးဆိုင်ရာ ကိစ္စရပ်များနှင့် ချင်းတစ်မျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် ဘုံသဘောတူညီချက်ဖြင်သာ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ချင်းညီနောင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ချင်းညီနောင် ၏ ဘုံသဘောတူညီချက်နှင့် ကိုက်ညီသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေးနှင့် ပြည် ထောင်စုအရေးကိစ္စကိစ္စများတွင် ညှိုနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article