29 C
Yangon

တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံး

Must read

တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅နာရီ နှင့် ညနေ ၅နာရီ ၃၀မိနစ် အချိန်တို့တွင် တန့်ဆည် PDF ရွှေဘိုခရိုင် အမှတ်၇ တပ်ရင်း လက်နက်ကြီးတပ်ဖွဲ့က အဆင့်မြှင့်တင်ထားသော ရှော့တိုက်ဒုံး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။

“မနေ့က ဒရုန်းနဲ့ ရဲစခန်းထဲကို ဗုံးသီးနှစ်လုံးချခဲ့တယ်။ ဒီနေ့တော့ ရှော့တိုက်ဒုံးနဲ့ ပစ်တာ။ ပထမတစ်လုံးက ထွေအုပ်ရုံးထဲကိုကျတယ်၊ ဒုတိယ တစ်လုံးက ရဲစခန်းထဲကို ကျတာ။ အထိအခိုက်များတယ်လို့ သိရတယ်” ဟု ပြောသည်။

အဆိုပါ ရှော့တိုက်ဒုံး တစ်လုံးလျှင် ငွေကျပ် ၁သိန်းခွဲခန့် ကျသင့်ပြီး PDF ရဲဘော်များ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် ရန်သူ့ပစ်မှတ်ကို ၂ မိုင်အကွာမှ တိုက်ခိုက်နိုင်ကြောင်း၊ ရှော့တိုက်ဒုံးများ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ရွှေဘိုခရိုင် အမှတ်၇တပ်ရင်း၏ NUG pay account ဖြစ်သည့် P12907.mod*nugpay.app သို့ ပါဝင်ကူညီနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article