32 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက်စစ်ကောင်စီကို အခုအချိန် မည်သည့်နေရာမှာ တိုက်တိုက် အနိုင်ရဖို့ အတွက် အခြေအနေ ကောင်းတဲ့ အနေထားမှာရှိသလို ၊ လက်ရှိမှာလည်း ပလက်ဝ က စစ်ကောင်စီရဲ့ တပ်ရင်း ၈ ခုနဲ့ ဗျူဟာကုန်း ၂ ခုကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်နေပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

– ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ၊ သံဘိုကျေးရွာက ဗျူဟာမြောက် စစ်တပ်စခန်းကို TNLA နဲ့ မန္တလေး PDF မဟာမိတ် တပ်တွေကနေ အပြီးသတ် တိုက်ခိုက် သိမ်းပိုက် လိုက်ပြီး ၊စစ်ကောင်စီတပ်က စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို အရှင် ဖမ်းမိထားတဲ့ အပြင် လက်နက်ခဲယမ်းအမြောက်အမြားကိုပါ သိမ်းဆည်း ရရှိ ထား တယ်လို့ မန္တလေး – PDF တပ်ဖွဲ့ရဲ့ ကိုအော်စမိုက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ရေး -ထားဝယ် လမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၄၀၉ တပ်ရင်းကို အမျိုးသမီးစစ်သည်တော်တွေပါတဲ့ တောလှန်ရေးတပ်ပေါင်းစုတွေ ကနေ ဒရုန်းနဲ့ ၈၁ မမ ဗုံးသီးတွေ ကျဲချတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေနေတဲ့ အရာရှိရိပ်သာအပါအဝင် အဆောင်အအုံ တွေ ပျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article