37 C
Yangon

နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပြင်ဦးလွင်စစ်တက္ကသိုလ်နှင့် ၁၅ မိုင်သာ ကာဝေးတော့ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

Must read

နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပြင်ဦးလွင်စစ်တက္ကသိုလ်နှင့် ၁၅ မိုင်သာ ကာဝေးတော့ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရန်ကုန်၊ ဇန်ဝါရီ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် ယင်းစခန်းသည် ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် ၁၅ မိုင်သာ ကာဝေးတော့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ (၂) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ပူးပေါင်းတပ်ဖွဲ့များသည် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက် စခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် သံဘိုကျေးရွာစခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါသံဘိုကျေးရွာ စစ်စခန်းသည် စစ်ကောင်စီ၏ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးသည့်နေရာရှိ စခန်းတခုဖြစ်ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့၊ မွန်းလွဲပိုင်း ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား (၃) စီးနှင့်လာသော စစ်တပ် စစ်ကူအဖွဲ့ကို ထပ်မံ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သံဘိုကျေးရွာ တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ တို့ရဲဘော်တချို့ ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ (၁) ဦးကို ပထမဆုံးအကြိမ်အဖြစ် လက်ရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article