26 C
Yangon

တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာဘက်မှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ၅ ဦးဒဏ်ရာရရှိမှု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်

Must read

တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာဘက်မှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ၅ ဦးဒဏ်ရာရရှိမှု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၅

တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာဘက်မှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ၅ ဦးဒဏ်ရာရရှိမှု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ဖော်ပြေဆာိုသည်။

တရုတ်နိုင်ငံ နယ်စပ်မြို့၌ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် မြန်မာဘက်မှ တိုက်ပွဲများ ရပ်တန့်ရန် ဘေဂျင်းက တောင်းဆိုကြောင်း၊ စစ်ကောင်စီနှင့် တိုင်းရင်းသားတပ်များအကြား တိုက်ပွဲများအတွင်း ယူနန် ပြည်နယ်၊ နန်ဆန်ကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၅ ဦး ဒဏ်ရာရရှိမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က တ ရုတ် ဘက်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချသည့်အပြင် တရုတ်နိုင်ငံသားများ၏ အသက်နှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန် လို အပ်သည့်အရာများကို တရုတ်နိုင်ငံက လုပ်ဆောင်မည်ဟု ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ထားပြီးဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ အင်အားစုအားလုံးကိုလည်း တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ အလားတူ ထိတ်လန့်စရာဖြစ်ရပ်တွေ မဖြစ်ရအောင် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးကို အနှောင့်အယှက်မဖြစ်စေဖို့ အခိုင်အမာ အရေးယူဆောင်ရွက်ဖို့ ထပ်မံတောင်းဆိုထားပါတယ်” ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article