ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရေဦးမြို့မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၁ နှင့် ခမရ ၇၀၈ စစ်ကြောင်းသည် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ကာ မုတ်စီရွာနှင့် မူးဆုံဘက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ငြုတ္တုံ၊ မုတ်စီ၊ ပြည်တော်၊ မူးဆုံ၊ ရွာမိဿာ၊ အောင်သာ၊ ပျော်ဘွယ်နှင့် မစိုးရိမ်ရွာတို့မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဒီစစ်ကြောင်းက ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၃ခရက်နေ့ကနေ ၁၂ ရက်နေ့အထိ ခင်ဦးမြို့နယ် အနောက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်ခဲ့ပြီး ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ထဲကိုလည်း လက်နက်ခဲယမ်းတွေသယ်ဆောင်ပီး ရေဦးကို ပြန်ဝင်လာတဲ့စစ်ကြောင်းပါ။ အခုလက်ရှိတော့ အောင်သာရွာမှာ စစ်ခွေးတွေ ဝင်ရောက်တပ်စွဲထားတုန်းပဲ ဘယ်ကိုသွားမလဲ မသိရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် အောင်သာရွာ အတွင်း၌ ဝင်ရောက် တပ်စွဲထားကြောင်း၊ ယင်းစစ်ကြောင်းသည် ဇန်နဝါရီ ၁၂ ရက်နေ့က ခင်ဦးအနောက်ခြမ်း ကျွန်းတောကြီးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #People’sDefenseComrade #ရေဦးမြို့နယ်