35 C
Yangon

မွန်ပြည်နယ်၊ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရာရှင် (ခ)ဟာရှင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် အတွင်းကြေဒဏ်ရာများဖြင့် သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရာရှင် (ခ) ဟာရှင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် အတွင်းကြေဒဏ်ရာများဖြင့် သေဆုံး သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

မွန်ပြည်နယ်၊ကျိုက်မရောအကျဉ်းထောင်တွင် ပုဒ်မ ၅၄/၅၂(က)တို့ဖြင့် ထောင် ဒဏ်တစ်သက်ချမှတ်ခြင်း ခံထားရသူ အသက် ၄၃ နှစ်အရွယ် နိုင်ငံရေး အကျဉ်း သား ကိုရာရှင်(ခ)ဟာရှင် (ဘ)ဦးအိနွတ် သည် စစ်ကြောရေးတွင် ရိုက်နှက် နှိပ်စက်ခံခဲ့ရသည့်အတွက် အတွင်းကြေဒဏ်ရာများကြောင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ပိုင်းမှစ၍ ကျန်းမာရေး ဆိုးရွားခဲ့ကြောင်း၊ ထောင်ဆေးရုံ တွင် မကြာခဏဆိုသလို သွား ရောက် ပြသခဲ့ရသော်လည်း လုံလောက်သော ဆေးဝါး ကုသမှု မရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင်သည် ခံစားရ သည့် ဝေဒနာရောဂါမသက်သာသည့် အတွက်အရေးပေါ် ဆေးကု သခွင့် တောင်း ခံခဲ့ကြောင်း၊ သို့သော် ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင် ပေးနိုင်ခြင်းမရှိဘဲ နောက်ကျမှ ပို့ဆောင်ပေးခဲ့သည့်အတွက် ဇန်နဝါရီလ ၁၂ ရက်နေ့ ပြင်ပဆေးရုံ၌ အသက်ဆုံးပါးသွားကြောင်း သိရှိရသည်။

“သူ့မိဘတွေကိုလည်း အကြောင်းမကြားရသေးဘူး။ သူက ထောင်ဆေးရုံမှာ အစာအိမ်လိုလို ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့ ဖြစ်နေတာ။ စစ်ကြောရေးမှာ ရိုက်နှက်ခံခဲ့ရတဲ့ အတွင်းကြေဒဏ်ရာတွေ။ အချိန်မီ ဆေးကုသခွင့်မ ရတာ ကြောင့် အသက်ဆုံးရှုံးတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသား များ ကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ထောင်ဝင်စာပါဆယ်ပေးပို့ရာတွင် နိုင်ငံခြားဆေးဝါးများပို့သခွင့်ကိုကန့်သတ် ထားမှုများကြောင့်လည်းကောင်း၊ ဆေးဝါးစောင့် ရှောက် ကုသမှုလုံလောက်စွာ မရရှိသည့်အတွက် ကြောင့် လည်းကောင်း၊အ‌ရေးကြီးလူနာများကို အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံ သို့ပို့ဆောင်ပေးခြင်း မရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ် ကြောင်း၊ ထောင်ဆေးရုံများသည် ကျန်းမာရေးမကောင်း သည့်လူနာများကို ကုသမှုပေးပြီး အသက်ကယ်တင်ရမည့်‌ နေရာဖြစ်မနေဘဲ အကျဉ်းသား များမသေဆုံးခင်ထားသည့် နေရာများသာဖြစ်နေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

ထို့ကြောင့် ထောင်ဆေးရုံများသည် လူသတ်ကွင်းများသာဖြစ်နေပြီး အကျဉ်း သားများကို ထောင်ဆေးရုံများက သတ်ဖြတ်နေခြင်းသာဖြစ်ကြောင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ကောက်ယူ ရရှိထားသည့် စာရင်းအရ ၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးကုသ စောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၇ ဦး အကျဉ်းထောင်ထဲ၌ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PPNM #မွန်ပြည်နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article