25 C
Yangon

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်က အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး လက်နက်ကြီးနှင့်လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်၊ စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ ၃ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က အပစ်ရပ်ရေး သဘော တူညီ ချက်ကို ချိုးဖောက်ပြီး လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုများ ဆက် လက် လုပ်ဆောင်နေကြောင်း တအာင်းတပ်မတော် TNLA က ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၉ မိနစ်အချိန် မှ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် မိုးမိတ်မြို့နယ်အတွင်းရှိ အုန်းကျော်၊ ရွှေဆာလီ ကျေးရွာအနီးသို့ Jet Fighter ဖြင့် ၈ ကြိမ်၊ ATR-72 ဖြင့် ၃ ကြိမ်၊ Y12 ဖြင့် ၅ ကြိမ် စုစုပေါင်း ၁၆ ကြိမ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီး ဖြစ် သော်လည်း ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်က မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ လားရှိးမြို့နယ်များသို့ လက်နက်ကြီးနှင့် လေ ကြောင်း တိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ် အခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်ကြောင်း TNLA က ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၅ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကိုးကန့်ဒေသ တုန် ရှမ်း ၊ ရှင်ကိုင်ရွာ ၊ တာတုန့်ကျိုက် ရပ်ကွက်တို့တွင် စစ်ကောင်စီတပ်က ထောင် ထား ခဲ့သော မိုင်းထိမှန်ပေါက်ကွဲ၍ အရပ်သား ပြည်သူ ၃ ဦးထိမှန်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ တာတုန့်ကျိုက်ရပ်ကွက်၏အမျိုးသမီးတစ်ဦးသည် ၎င်း ၏ နေအိမ်တွင်း မိုင်းနင်း မိပြီး ခြေထောက်ထိမှန်ကာ ဘယ်ဘက် ခြေတစ်ခု လုံး ကျိုးပဲ့သွားခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်း တာတုန့် ကျိုက် ရပ်ကွက်အတွင်းတွင်ပင် အမျိုးသားတစ်ဦးက ၎င်း၏ နေအိမ် သန့်ရှင်း ရေး လုပ်နေချိန်တွင် စစ်တပ်ထောင်ထားသော မိုင်းပေါက်ကွဲ ထိမှန်၍ ဘယ် ခြေ တစ်ချောင်းပျက်စီးသွားပြီး ညာခြေတွင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇန်နဝါရီလ ၁၇ ရက်နေ့ညနေပိုင်း တာတုန့်ကျိုက်ရပ်ကွက်တွင်ပင် နောက်ထပ် ပြည်သူ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် နေအိမ်သို့ မောင်း ပြန် လာစဉ် မိုင်းထိမိပြီး ဘယ်ဘက်ခြေတစ်ဖက် အနည်းငယ် ထိခိုက် ဒဏ်ရာ ရရှိကြောင်း၊ မိုင်းထိမှန်သော ပြည်သူ ၃ ဦးအတွက် လိုအပ်သော ဆေးဝါး ကုသ မှုများကို MNDAA က လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #TNLA #JetFighter #ATR72 #Y12 #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article