28 C
Yangon

ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မွန်ပြည်သစ်ပါတီထိန်ချုပ်နယ်မြေအတွင်းရှိ ကမ်းနီကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်နှင့် ည ၁၁ နာရီ အချန်တို့တွင် ရေးမြို့ နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကမ်းနီကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများ စိုးရိမ်ထိန့်လန့်နေကြကြောင်း သိရသည်။

“ရေးမြို့နယ်၊ ကျောင်းရွာ ၅၉၁ တပ်က ပစ်တာပါ၊ ည ၁၀ နာရီခွဲမှာ တစ်လုံး၊ ၁၁ နာရီမှာ တစ်လုံး ကမ်းနီကျေးရွာအနီးမှာ နှစ်လုံးကျတယ်၊ လူထိခိုက်မှုတော့ မရှိပါဘူး၊ ရွာမှာက ဒီနေ့ ညနေဆိုရင် သဲပုံ စေတီဘုရားပွဲရှိပါတယ်၊ အဲဒီရွာက မွန်ပြည်သစ်ပါတီ ထိန်းချုပ်မြေမှာပါ၊ စစ်ကောင်စီတပ်က ပစ်တာပါ၊ ရွာသူ ရွာသားတွေ စိုးရိမ်မှုတွေရှိနေပါတယ်၊ မွန်ပြည်သစ်ပါတီနယ်မြေမှာတောင် စစ် ကောင်စီက စစ်ကောင်စီက အခုလိုပစ်နေရင် ရွာသူရွာသားတွေက ကြောက်စိတ်ပိုတိုးစေပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်ကောင်စီတပ် #ရေးမြို့နယ် #လက်နက်ကြီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article