Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ် ၊ မန်စီမြို့နယ်က ကောင်းမှုယန် – စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာပဲ KIA က အပြီးတသ် သိမ်းပိုက်လိုက်ပြီး ၊ စစ်သား အယောက် ၂၀ ကျော်ကို အရှင် ဖမ်းဆီးရရှိထားသလို၊ ဖားကန့် ဝှေ့ခါမှော်က စစ်တပ်ဗျူဟာကုန်း ကိုပါ KIA က တိုက်ခိုက်သိမ်းပိုက်ပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ကရင်နီပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ အလင်းဝင်ရင် အသက် ရှင်ခွင့်ပေးပြီး ဖက်ဒရယ်တပ်မတော်မှာ တာဝန် ထမ်းဆောင်ခွင့် ပေးမယ်လို့ ကရင်နီပြည် ဘက်ပြောင်းရေး အစီအမံ စီမံအုပ်ချုပ်ရေး ကော်မတီရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ကမ်းလှမ်း ပြောဆို လိုက်ပါတယ်။
– ပဲခူးတိုင်းက ပေါင်းတည်မြို့နယ်မှာ ပျူစောထီး စုဆောင်းဖို့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုကနေ ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။